အားလုံးပဲ မင်္ဂလာပါ။ ကြက်ဥကြော် စားရတာ ငြီးငွေ့နေသူတွေအတွက် ဒီတစ်ခါမှာတော့ ပုစွန်ရယ်၊ မှို၊ ပဲပင်ပေါက်၊ ကြက်သွန်မြိတ်တို့ စုံနေအောင် ကြော်ထားတဲ့ တရုတ်စတိုင်လ် ကြက်ဥကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

Eggs

• ကြက်ဥ ၆ လုံး
• မှို ၂ ပွင့်
• ပဲပင်ပေါက် ၁၀၀ ဂရမ်
• ကြက်သွန်မြိတ် ၂ ပင်
• ကြက်ဥ ကြော်ရန် ဆီအနည်းငယ်

• ပုစွန် ၃၂၅ ဂရမ် (အခွံခွာ၊ ရေဆေးပြီးနောက် ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ဖတ်ထားပါ)
• ကြက်ပြုတ်ရည် ၁၂၅ မီလီလီတာ
• ပဲငံပြာရည် အကြည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မှိုကို ပါးပါးလှီးပြီး ကြက်သွန်မြိတ်ကိုလည်း ၆ စင်တီမီတာခန့် လှီးဖြတ်ထားပါ။

၂။ ကြက်ဥ ၆ လုံးစလုံးကို ခပ်ပြင်းပြင်းလေး မွှေခလောက်ပြီးနောက် မှို၊ ပဲပင်ပေါက်၊ ကြက်သွန်မြိတ်၊ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး ထပ်မွှေခလောက်ပေးပါ။ ပြီးမှ ပုစွန်ထပ်ထည့်ပေးရပါမယ်။

၃။ ပန်းကန်လုံးတစ်လုံးထဲမှာ ကြက်ပြုတ်ရည်၊ ပဲငံပြာရည် အကြည်၊ ပြောင်းမှုန့်နှင့် နှမ်းဆီတို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပြီး အပူပေးထားပါ။ ဆီပူလာပါက ကြက်ဥအရောအနှောရဲ့ ၃ ပုံ ၁ ပုံခန့်ကို ဒယ်အိုးထဲထည့်ကြော်လိုက်ပါ။ ၅ မိနစ်ခန့်ကြာတဲ့အခါမှာ ကြက်ဥကြော်ကို တစ်ဖက်သို့ လှန်ပေးပြီး ၃ မိနစ်ခန့် ထပ်ကြော်ပေးရပါမယ်။

ကျန်ရှိတဲ့ ကြက်ဥအရောအနှောများကိုလည်း ထိုနည်းအတိုင်း ဆက်ကြော်ပေးရပါမယ်။

၅။ ရရှိလာတဲ့ ကြက်ဥကြော်ပေါ်သို့ စောစောက ရောမွှေထားသော ကြက်ပြုတ်ရည် အရောအနှောများ ဆမ်းထားလိုက်ပါ။ (သင့်အနေနဲ့ ပျစ်ချွဲချွဲအရသာကို မကြိုက်ဘူးဆိုရင်တော့ ဒီအဆင့်ကို ကျော်လိုက်လို့ရပါတယ်)

ဒီအဆင့်အားလုံးပြီးသွားပြီဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ တရုတ်စတိုင်လ် ပုစွန် ကြက်ဥကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Chinasichuanfood.com