ပုစွန်သုပ် ချဉ်ချဉ်လေး

အားလုံးပဲ မင်္ဂလာပါ။ ပင်လယ်စာကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ လျှာလည်သွားစေမယ့် ပုစွန်သုပ် ချဉ်ချဉ်လေးပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

• ပုစွန် ၁၀ ကောင်
• သံပုယိုသီး တစ်လုံး
• ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
• သခွားသီး ၂ လုံး
• ငရုတ်ပွ အနီနှင့် အဝါ

ဆော့စ်ပြုလုပ်ရန် လိုအပ်သောပစ္စည်းများ

• ရှာလကာရည် စားပွဲတင်ဇွန်း တစ်ဇွန်း
• ပဲငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
• သကြား လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
• ပါးပါးလှီးထားသော လက်ဖက်ရည်ဇွန်း တစ်ဝက်
• ဆား အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံး အသေးတစ်လုံးထဲတွင် ဆော့စ်ပြုလုပ်ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများအားလုံးကို ရောမွှေထားလိုက်ပါ။

၂။ သခွားသီးကို အချောင်းလိုက် ပါးပါးလှီးထားပါ။ ငရုတ်ပွများကိုလည်း အချောင်းလိုက် ပါးပါးလှီးထားပါ။ သံပုယိုသီးကိုလည်း အကွင်းလိုက် ပါးပါးလှီးထားပါ။

၃။ အိုးတစ်လုံးထဲတွင် ရေ လေးခွက်ခန့်ထည့်ပြီး ဆား၊ သံပုယိုသီးနှင့်ပုစွန်တို့ထည့်ပြီး အဖုံးဖွင့်လျက်သားလေး တည်ထားလိုက်ပါ။ ထိုအိုးဘေးနားတွင် ရေခဲရေ အဆင်သင့်ပြင်ထားပါ။ ပုစွန်အိုးကို စက္ကန့်လေးဆယ်ခန့် တည်ပြီးပြီဆိုတာနဲ့ ရေခဲရေထဲသို ချက်ချင်းပြောင်းထည့်လိုက်ပါ။

၄။ ထို့နောက် ပုစွန်များကို အလယ်တည့်တည့်ကနေ အလျားလိုက် ထက်ခြမ်းခြမ်းလိုက်ပါ။

၅။ ပန်းကန်ပြားတစ်ပြားပေါ်တွင် အချောင်းလိုက် လှီးဖြတ်ထားသော သခွားသီးနှင့် ငရုတ်ပွများကို ပန်းကန်ပြားပေါ်တွင် အစီအရီတင်ထားလိုက်ပါ။
သံပုယိုသီးများကိုလည်း အကွင်းလိုက် ပါးပါးလှီးထားပြီး ပန်းကန်ပြားပေါ်တွင် ဖြန့်ကျက်ထားပါ။ ထို့နောက် ပုစွန်ကို ထိုဟင်းသီးဟင်းရွက်များပေါ်တွင် တင်ထားလိုက်ပါ။ စောစောက ရောနယ်ထားသော ဆော့စ်များကို ပုစွန်များပေါ်တွင် လောင်းထည့်လိုက်ပါ။

နောက်ဆုံးမှာတော့ အရသာရှိတဲ့ ပုစွန်သုပ် ချဉ်ချဉ်လေးကို အရသာရှိရှိစားသုံးနိုင်ပါပြီ။

Source: Koreanbapsang.com