အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အစုံသုပ် သုပ်စားရတာကိုမှ အကြိုက်တွေ့ပါတယ်ဆိုသူများအတွက် ဟင်းရွက်စုံ ပုစွန်ထမင်းသုပ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၈ ကောင်ခန့် (အခွံခွာထားပါ)
  • ကညွှတ် တစ်စည်း (ရေဆေးပြီး ပါးပါးလှီးထားပါ)
  • Quinoa (အနောက်တိုင်း အစားအစာတစ်မျိုး) သို့မဟုတ် ဆန် နို့ဆီဘူး ၄ ပုံ ၁ ပုံ
  • ခရမ်းချဉ်သီး အလုံးသေး ၈ လုံးခန့် (ထက်ခြမ်း ခြမ်းထားပါ)
  • တရုတ်နံနံ လက်တစ်ဆုပ်စာခန့်

  • သံပုယိုသီး ၁ လုံး (အရည်ညှစ်ထားပါ)
  • သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဆန်ကို ထမင်းဖြစ်အောင် တည်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ပုစွန်နှင့် ကညွှတ်တို့ ထည့်ကြော်လိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ကညွှတ်နှင့် ပုစွန်တို့ နူးအိသွားပါက ပန်းကန်ထဲသို့ ဆယ်ယူလိုက်ပါ။

၃။ ပန်းကန်လုံးတစ်လုံးထဲတွင် သံပုယိုရည်၊ ပျားရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် သံလွင်ဆီတို့ထည့်ပြီး သမအောင် ရောမွှေထားလိုက်ပါ။

၄။ ပုစွန်၊ ကညွှတ်၊ ထမင်းနှင့် ခရမ်းချဉ်သီးတို့ကို ဇလုံအကြီးတစ်လုံးထဲထည့်ပြီး သမအောင် နယ်ထားလိုက်ပါ။ ထို့နောက် စောစောကမွှေထားသော သံပုယိုရည်တို့ကို ဇလုံထဲသို့ လောင်းထည့်ပြီးနောက် သမအောင်နယ်ပါ။ အရသာအပေါ့အငန်မြည်းပြီးတဲ့နောက်မှာတော့ တရုတ်နံနံလေး ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဟင်းရွက်စုံ ပုစွန်ထမင်းသုပ်လေး ရရှိသွားပါပြီ။

Source: Spicetheplate.com