အားလုံးပဲ မင်္ဂလာပါ။ ထမင်းကြော်ကို မနက်စာအဖြစ် စားသုံးသူတိုင်းအတွက် ဒီတစ်ခါမှာတော့ ပုစွန် ဟင်းရွက်စုံ ထမင်းကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • နုပ်နုပ်စဉ်းထားသော မုန်လာဥနီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • နုပ်နုပ်စဉ်းထားသော မှို စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲလုံးစိမ်း စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ထမင်း ပန်းကန်လုံး တစ်လုံးစာ
  • ခရမ်းချဉ်သီး ၁ လုံး (၈ စိပ် စိပ်ထားပါ)

  • ပုစွန် ၄ ကောင် (အခွံခွာပြီး ပြုတ်ထားပါ)
  • ရေ ၂၅၀ မီလီလီတာ
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် နှမ်းဆီ အနည်းငယ်
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူ၊ မုန်လာဥနီနှင့် မှိုတို့ထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၂။ အနံ့မွှေးလာပါက ရေထည့်ပြီး မီးပြင်းပြင်းဖြင့် ရေ ဆူပွက်လာသည်အထိ တည်ထားရပါမယ်။

၃။ ရေ ဆူပွက်လာပါက ပုစွန်၊ ပဲလုံးစိမ်းနှင့် ခရမ်းချဉ်သီးတို့ထည့်ကာ ၂ မိနစ်ခန့် မွှေပေးလိုက်ပါ။

၄။ ထို့နောက် ဆား၊ ပဲငံပြာရည်တို့ ထည့်ပြီးနောက် ထမင်းထည့်ကာ ပါဝင်ပစ္စည်းများအားလုံး သမသွားသည်အထိ မွှေပေးရပါမယ်။ အဖုံးဖွင့်လျက်သားဖြင့် ၃ မိနစ်ခန့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၅။ မီးဖိုပေါ်က ချခါနီးကျမှ နှမ်းဆီအနည်းငယ် လောင်းထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပုစွန်ထမင်းကြော်လေး ရရှိသွားပါပြီ။

နံနံပင်ကြိုက်ပါက နံနံပင်အနည်းငယ်ဖြူးထည့်ကာ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါပြီ။

Source: Spicetheplate.com