အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အစားအစာလေးကတော့ ကြက်ဥ Half-Fried နဲ့ တွဲဖက်စားသုံးနိုင်တဲ့ အာလူးပန်ကိတ်ကြော် ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး အလုံးကြီး ၁ လုံး (အခွံခွာထားပါ)
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ငရုတ်ကောင်းစေ့ လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်မြိတ် ၁ ပင် (အချောင်းလိုက် ပါးပါးလှီးထားပါ)

  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ဆန်ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်ဥ ၄ လုံး
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အခွံခွာပြီးသား အာလူးကို ဓားဖြင့် အချောင်းလိုက် ပါးပါးလှီးလို့လည်း ရသလို ခြစ်ပြားလေးဖြင့်လည်း အာလူးချောင်းများဖြစ်သွားအောင် ခြစ်ထားလို့လည်း ရပါတယ်။ ရရှိလာတဲ့ အာလူးချောင်းများကို အရည်စင်အောင် ညှစ်ပေးလိုက်ပါ။

၂။ ပန်းကန်လုံးအကြီးထဲသို့ အာလူးချောင်းများ ထည့်ပြီးနောက် ငရုတ်သီးမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ပဲငံပြာရည်၊ ဆန်ရှာလကာရည်နှင့် ကြက်ဥ ၁ လုံး ဖောက်ထည့်ကာ သမအောင် နယ်ထားလိုက်ပါ။

၃။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဟင်းရွက်ဆီထည့်ပါ။ ငရုတ်ကောင်းစေ့ထည့်ပြီး ၁၀ မိနစ်ခန့် လှော်ပေးလိုက်ပါ။

၄။ ပြီးရင်တော့ ငရုတ်ကောင်းစေ့များကို အိုးထဲမှ ဖယ်ရှားလိုက်ပါ။ နယ်ထားသော အာလူးကို အညီအမျှ ၄ ပုံ ပုံထားလိုက်ပါ။

၅။ ပြီးရင် စောစောက ငရုတ်ကောင်းစေ့ လှော်ထားသော ဆီပူထဲသို့ အာလူး ၁ ပုံ ချင်းစီထည့်ကာ ဇွန်းပြားဖြင့် ဖိချပေးလိုက်ပါ။ အာလူးအောက်ခြေက ရွှေညိုရောင်ပြောင်းသွားပါက အခြားတစ်ဖက်သို့လှန်ကာ ဆက်ကြော်ပေးလိုက်ပါ။ ကြော်ပြီးသွားတဲ့ အာလူးပန်ကိတ်ကို ပန်းကန်ပြားထဲသို့ ပြောင်းထည့်လိုက်ပါ။

၆။ ကြက်ဥ ၄ လုံးကိုလည်း အနှစ် မကျက်တကျက်ဖြင့် Half-Fried ကြော်ပေးလိုက်ပါ။

၇။ အားလုံးပြီးသွားပြီဆိုရင်တော့ ကြက်ဥကြော် ၁ လုံးကို အာလူးပန်ကိတ်ကြော်တစ်ခုဖြင့် အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source : Thewoksoflife.com