မိမိအိမ်သားတွေအတွက် ထမင်းစားမြိန်အောင် ဘာဟင်း ချက်ကျွေးရင်ကောင်းမလဲဆိုပြီး စဉ်းစားရကျပ်နေတဲ့ အိမ်ရှင်မတွေအတွက် ဒီတစ်ခါမှာတော့ ငရုတ်ပွ ဝက်သားမွှေကြော်ဟင်းလျာ ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဝက်သား ၁၂ အောင်စ (လက်မဝက်အထူ လှီးဖြတ်ထားပါ)
  • အစိမ်းရောင် ငရုတ်ပွ ၄ တောင့် (တစ်လက်မပတ်လည်အတုံး လှီးဖြတ်ထားပါ)
  • နုပ်နုပ်စဉ်းထားသောဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးခြောက်အနီ ၁၂ တောင့်

  • ကြက်သွန်ဖြူ ၅ မြွှာ (ပါးပါးလှီးထားပါ)
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် သကြားအနည်းငယ်
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ဝက်သားပြားတုံးများထည့်ပြီး ၆ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ဝက်သားများကို ပန်းကန်ထဲသို့ ဆယ်ထည့်ထားပါ။

၂။ ဒယ်အိုးကို အပူပြင်းပြင်း ပြန်ပေးပြီးနောက် ကျန်ရှိနေသောဆီဖြင့် ငရုတ်ပွများကို ကြော်ပေးလိုက်ပါ။ တစ်မိနစ်၊ နှစ်မိနစ်ခန့်ကြော်ပြီးပါက ငရုတ်ပွများကို ဝက်သားကြော်ဘေးနားတွင် ထည့်ထားလိုက်ပါ။

၃။ မီးအပူကို အလယ်အလတ်အပူချိန်သို့ လျှော့ချပြီးနောက် ဂျင်းထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ထို့နောက် ငရုတ်သီးခြောက်၊ ကြက်သွန်နီနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ တစ်မိနစ်ခန့်ဆီသတ်ပါ။

၄။ ထို့နောက် မီးအပူချိန်ကို ပြန်မြှင့်ပြီးနောက် ဝက်သားနှင့် ငရုတ်ပွများကို အိုးထဲသို့ ပြန်ထည့်ကာ သမအောင် မွှေကြော်ပေးလိုက်ပါ။

၅။ ငရုတ်ဆီ၊ ဆားနှင့် သကြားတို့ထည့်ကာ သမအောင် မွှေပေးပါ။ ထို့နောက် ဟင်းချက်ဝိုင် ထပ်ထည့်ကာ ထပ်မွှေပေးလိုက်ပါ။

၆။ မီးဖိုပေါ်က ချခါနီးကျမှ ကြက်သွန်မြိတ်ထည့်ကာ နောက်ထပ် တစ်မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

ထိုအဆင့်များအားလုံးပြီးသွားပါက အရသာရှိတဲ့ ငရုတ်ပွ ဝက်သားမွှေကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source : Thewoksoflife.com