အားလုံးပဲ မင်္ဂလာပါ။ မုန်လာဥနီက အမြင်အာရုံကောင်းမွန်စေတဲ့အပြင် ကိုလက်စတောပမာဏကိုလည်း လျော့ချပေးပါတယ်။ ကိုယ်အလေးချိန်လျော့ချပေးပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ မုန်လာဥနီကို ထောပတ်အနံ့မွှေးမွှေးလေးနဲ့ အရသာရှိအောင် ဘယ်လို ပြင်ဆင် ချက်ပြုတ်နိုင်သလဲဆိုတာကို MyFood Myanmar ရဲ့အစားအစာချစ်သူများအတွက် ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မုန်လာဥနီ ၃၀၀ ဂရမ် (၁၀ လုံးခန့်)
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မုန်လာဥနီများကို အခွံခြစ်ထားပြီးနောက် သန့်စင်အောင် ရေဆေးထားလိုက်ပါ။

၂။ ပေါင်းအိုးကို အဆင်သင့်ပြင်ထားပြီးနောက် အခွံခွာထားပြီးသား မုန်လာဥနီများထည့်ကာ အလယ်အလတ်မီးအပူရှိန်ဖြင့် မိနစ် ၂၀ ခန့် ပေါင်းထားလိုက်ပါ။

၃။ သတ်မှတ်ချန်ပြည့်ပြီးတဲ့အခါမှာတော့ မုန်လာဥနီများကို ပန်းကန်လုံးထဲထည့်ကာ ထောပတ်များ ဆမ်းထည့်လိုက်ပါ။ ပြီးမှ ငရုတ်ကောင်းမှုန့်များ ဖြူးထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ထောပတ်အနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ မုန်လာဥနီပေါင်း အရံဟင်းတစ်ခွက် ရရှိသွားပါပြီ။

ပေါင်းအိုး အသုံးမပြုချင်ပါကလည်း ရိုးရိုးပြုတ်စားနိုင်ပါတယ်။

ပြုတ်စားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးကို အသုံးပြုလိုက်ပါ။

အခွံခွာပြီးသားမုန်လာဥနီများကို ဒန်အိုးတစ်လုံးထဲထည့်ပြီး ရေအေးထည့်ကာ ဆူပွက်လာအောင် တည်ပါ။ မိနစ် ၂၀ ခန့် တည်ပြီးသွားရင်တော့ မုန်လာဥနီများ နူးအိသွားပါလိမ့်မယ်။ ထိုအခါ ပန်းကန်လုံးထဲသို့ ဆယ်ယူပြီး အဆင့် (၃) အတိုင်း ဆက်လက်ပြုလုပ်ပေးနိုင်ပါတယ်။

ထိုထောပတ်အရသာ ဥနီကို တို့စရာဟင်းသီးဟင်းရွက်အဖြစ် စားသုံးနိုင်သလို အာလူးထောင်းနဲ့ တွဲဖက်စားသုံးပါကလည်း အင်မတန် လိုက်ဖက်မှု ရှိပါတယ်။

Source: Kitchensanctuary.com