လူတိုင်းက နေမကောင်းဖြစ်နေတဲ့အချိန်မှာ ခံစားရတဲ့ဝေဒနာတွေ အမြန်သက်သာပျောက်ကင်းချင်ကြတဲ့သူတွေချည်းပါပဲ။ ဒါပေမဲ့ ဆေးဆိုင်၊ ဆေးခန်းတွေက သင့်အိမ်နဲ့ တော်တော်ဝေးတဲ့အခြေအနေမျိုးမှာ ဒါမှမဟုတ် ဆေးခန်းဖွင့်ချိန်အထိ မစောင့်ချင်ဘဲ ရောဂါမြန်မြန်သက်သာချင်တယ်ဆိုရင် သဘာဝအိမ်တွင်းဆေးနည်းလေးတွေ အသုံးပြုပေးလိုက်ပါ။

ကိုယ်ခံစားရတဲ့ ဝေဒနာအမျိုးအစားပေါ် မူတည်ပြီး သုံးရတဲ့ဆေးနည်းတွေကလည်း ပြောင်းလဲသွားတာကြောင့် မှန်ကန်တဲ့ဆေးနည်းကို ဖော်စပ်နိုင်ဖို့ရန်အတွက် ဆက်လေ့လာကြည့်လိုက်ရအောင်။

ပျားတုပ်ခံရတဲ့အခါ (သို့) အင်းဆက်ပိုးကောင် အကိုက်ခံရတဲ့အခါ

မုန့်ဖုန်ဆိုဒါနဲ့ ရေတို့ပဲ လိုအပ်ပါတယ်။ ထိုပါဝင်ပစ္စည်းနှစ်မျိုးကို သမအောင် ရောမွှေပြီးနောက် ပျားတုပ်ခံရတဲ့နေရာ (သို့မဟုတ်) အကောင်ကိုက်ခံရတဲ့နေရာပေါ်မှာ လိမ်းပေးလိုက်ပါ။ ယားယံခြင်းနဲ့ နာကျင်ခြင်းတို့ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။

နှုတ်ခမ်းကွဲခြင်း

Source: grelia.gr

ရေသောက်နည်းလို့ပဲဖြစ်ဖြစ် ရာသီဥတုအပြောင်းအလဲကြောင့်ပဲဖြစ်ဖြစ် နှုတ်ခမ်းကွဲတဲ့အခါ သံလွင်ဆီကိုသာ သတိရလိုက်ပါ။ သံလွင်ဆီကို နှုတ်ခမ်းနီ လိမ်းသလိုမျိုး ပွတ်လိုက်ပေးလိုက်ပါ။ နှုတ်ခမ်းကို အစိုဓာတ်ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

နောက်တစ်နည်းကတော့ ပျားဖယောင်းနဲ့ သံလွင်ဆီကို ဆတူရောနှောရမှာပဲဖြစ်ပါတယ်။ ရောနှောပြီးနောက်မှာ Lip Balms ကဲ့သို့ အသုံးပြုပေးနိုင်ပါပြီ။

အအေးမိခြင်းကြောင့် ချောင်းဆိုးခြင်း

အအေးမိ ဖျားနာခြင်းရဲ့ နောက်ဆက်တွဲရောဂါကတော့ ချောင်းဆိုးခြင်းပဲဖြစ်ပါတယ်။ ချောင်းဆိုးတာကို ရပ်တန့်ဖို့ဆိုရင် ချောကလက်မဲကို စားသုံးပေးသင့်ပါတယ်။ ၂၀၁၂ ခုနှစ်ရဲ့ လေ့လာတွေ့ရှိချက်အရ ချောကလက်မဲထဲမှာပါဝင်တဲ့ ကိုးကိုးမှုန့်က ဖျားနာစဉ်မှာ အာရုံခံနာ့ဗ်ကြောများကို ပိတ်ဆို့ပေးထားတာကြောင့် ချောင်းဆိုးခြင်း ဆက်လက်မဖြစ်ပေါ်အောင် တားဆီးပေးပါတယ်။ သတိထားရမှာကတော့ ချောကလက်မဲတစ်ခုတည်းကသာ ထိုကဲ့သို့ စွမ်းဆောင်ပေးနိုင်တယ်ဆိုတာပါပဲ။ နို့ချောကလက်ကတော့ အစွမ်းထက်မှာမဟုတ်ပါဘူး။

အသားအရေခြောက်သွေ့ခြင်းအတွက်

ပင်လယ်ဆားက အသားအရေခြောက်သွေ့ခြင်းအတွက် အစွမ်းထက်တဲ့ မီးဖိုချောင်သုံးပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ ပင်လယ်စာ ပန်းကန်လုံးတစ်ခွက်စာကို ဆီ ပန်းကန်လုံးတစ်ဝက်စာခန့်နဲ့ရောပြီး အသားအရေခြောက်သွေ့ပြီး အညိုကွက်တွေဖြစ်နေတဲ့ ဒူးခေါင်း၊ တံတောင်ဆစ်နဲ့ ခြေဖနောင့်နေရာတွေကို ပွတ်တိုက်ပေးလိုက်ပါ။ ဒီနည်းလမ်းကတော့ အသားအရေကို ချေးချွတ်ပေးတဲ့နည်းလမ်းပဲဖြစ်ပါတယ်။ အသုံးပြုပြီးတဲ့နောက်မှာ အသားအရေ ကြည်လင်စိုပြေသွားပါလိမ့်မယ်။

Source: selfreliantschool.com