အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ အမဲသားအစာသွပ် ခရမ်းသီးမီးဖုတ်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းသီး ၁ လုံး
  • ကြက်သွန်နီ ၁ ဥ
  • အမဲသား ၂၀၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ
  • ခရမ်းချဉ်သီးဆော့စ် စားပွဲတင်ဇွန်း ၂၄ ဇွန်း

  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး Oven ကို ၃၅၀ ဒီဂရီဖြင့် ကြိုတင်အပူပေးထားလိုက်ပါ။ Oven ထဲ ထည့်နိုင်မယ့် ဒယ်အိုးကို သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် သုတ်လိမ်းပေးလိုက်ပါ။

၂။ ခရမ်းသီးကို ထက်ခြမ်း ခြမ်းပြီးနောက် ဒယ်အိုးထဲ ထည့်ထားလိုက်ပါ။ ထို့နောက် Oven ထဲထည့်ကာ မိနစ် ၅၀ ခန့် ထည့်ဖုတ်ပေးလိုကပါ။

၃။ သတ်မှတ်ချိန်ပြည့်ပါက ခရမ်းသီးကို Oven ထဲကထုတ်ပြီး ခရမ်းသီး အတွင်းသားကို ဇွန်းဖြင့် ခပ်ထုတ်လိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ထို့နောက် ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ထည့်ကာ ၅ မိနစ်ခန့် ဆီသတ်လိုက်ပါ။

ထို့နောက် နုပ်နုပ်စဉ်းထားသော အမဲသားများထည့်ကာ ၇ မိနစ်၊ ၈ မိနစ်ခန့် မွှေကြော်လိုက်ပါ။

၅။ ထို့နောက် စောစောက ခပ်ထုတ်ထားသော ခရမ်းသီးများကို အမဲသားထဲ ပေါင်းထည့်လိုက်ပါ။ ခရမ်းချဉ်သီးဆော့စ်များထည့်ပြီး သမအောင် ရောကြော်ပေးလိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာအပေါ့အငန် မြည်းစမ်းကြည့်လိုက်ပါ။

၆။ ရရှိလာတဲ့ အမဲသားစဉ်းကောကို မီးဖုတ်ထားသော ခရမ်းသီးနှစ်ခြမ်းထဲ အညီအမျှ ခွဲထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသားအစာသွပ် ခရမ်းသီးမီးဖုတ်လေး ရရှိသွားပါပြီ။

Source: Julesfuel.com