ကိုရီးယား အစားအစာဆိုင်တွေမှာ သွားစားတိုင်း အမြဲ သဘောကျ စားချင်တဲ့ အရွက်သုပ်လေးကတော့ အရံဟင်းဖြစ်တဲ့ ဟင်းနုနယ်ရွက်သုပ်လေးဘဲဖြစ်ပါတယ်။

ဒီမှာ တစ်ခုပြောချင်တာက တချို့ ကိုရီးယားဆိုင်တွေကတော့ ဟင်းနုနယ်ရွက်ကို အသုံးပြုကြသလို တချို့ဆိုင်တွေကတော့ Spinach အရွက်ကို သုံးကြပါတယ်။ အရသာရော၊ အာနိသင်ကော သိပ်မကွာလို့ ကိုယ့်ဆီမှာ အလွယ်တကူ ရနိုင်တဲ့အရွက်ကို သုံးလို့ရပါတယ်။

 ပါဝင်ပစ္စည်းများ

  • Spinach အရွက် ၂၅၀ ဂရမ်
  • ထောင်းထားသည့် ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်
  • ပင်လယ်ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ ၄ ပုံ ၁ ပုံ
  • လှော်ထားသည့် နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

Spinach အရွက်ကို ရေအေးနဲ့ ဆေးပါ။

အိုးတစ်အိုးထဲမှာ ရေကို ပွက်ပွက်ဆူအောင် ၅ မိနစ်လောက်တည်ပါ။ ဆားကို (လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ) ထည့်ပါ။ ရေက စပြီး ဆူပွက်လာရင် Spinach အရွက်ကို အိုးထဲထည့်ပြီး စက္ကန့် ၃၀ လောက်ပြုတ်ထားပါ။

ရေတွေကို သွန်လိုက်ပြီး Spinach အရွက်ကို ရေအေးနဲ့ ၁ မိနစ်မှ ၂ မိနစ်ကြား ဆေးပါ။

Spinach အရွက်ကို လက်နဲ့စုပ်ပြီး ရေစစ်ပါ။

Spinach အရွက်ကို ဓားနဲ့ ၂ ပိုင်း၊ ၃ ပိုင်းလောက် လှီးလိုက်ပါ။

ကြက်သွန်ဖြူ၊ ပင်လယ်ဆား၊ နှမ်းစေ့နဲ့ နှမ်းဆီတို့ကို ထည့်ပြီး လက်နဲ့နယ်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကိုရီးယားစတိုင် ဟင်းနုနယ်ရွက် သို့ Spinach အရွက်သုပ်လေးရပါပြီ။

Photos Credit: MyKorean Kitchen