အားလုံးပဲ မင်္ဂလာပါ။ အာလူးကြော် ကြိုက်နှစ်သက်ကြသူများအတွက် ဒီတစ်ခါမှာတော့ အာလူးပြုတ်ကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၂ ပေါင်ခန့်
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်စီ
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ဟင်းရွက်ပြုတ်ရည် စားပွဲတင်ဇွန်း ၁၆ ဇွန်း

  • သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးများကို အခွံခွာပြီး လက်မဝက်အထူခန့် လှီးဖြတ်ထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပါ။ ထို့နောက် အာလူးများ ထည့်ပါ။

၃။ အာလူးပေါ်သို့ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ငရုတ်သီးမှုန့်တို့ ဖြူးထည့်လိုက်ပါ။ ဟင်းရွက်ပြုတ်ရည်၊ သံပုယိုရည်တို့ထည့်ကာ သမအောင် မွှေပါ။ ထို့နောက် အဖုံးကို လုံအောင် ဖုံးထားပြီးနောက် ၁၅ မိနစ်ခန့် တည်ထားပါ။

၄။ သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ ဟင်းရည်များ ခမ်းသွားပါလိမ့်မယ်။ ဒါဆိုရင် အိုးအဖုံကို ဖယ်ရှားကာ အာလူးများ ကျက်သွားသည်အထိ ကြော်ပေးလိုက်ပါ။

၅။ ထို့နောက် ကြက်သွန်ဖြူ ထည့်ကာ ၁ မိနစ်ခန့် ကြော်ပါ။ (ကြက်သွန်ဖြူ မကြိုက်သူများက ကြက်သွန်ဖြူ မထည့်ချင်လည်း ရပါတယ်။)

အားလုံးပြီးသွားတဲ့အခါမှာတော့ နံနံပင်အနည်းငယ် ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အာလူးပြုတ်ကြော်လေး ရရှိသွားပါပြီ။

Source: Cooktoria.com