(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အဆာပြေမုန့်အနေနဲ့လည်း စားသုံးနိုင်သလို ထမင်းနဲ့အတူတူ တွဲဖက်စားသုံးနိုင်တဲ့ ချိစ်အရသာ အာလူးမီးဖုတ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- အာလူး အလုံးကြီး ၂ လုံး
- သံလွင်ဆီ စစ်စစ် စားပွဲတင်ဇွန်း ၂ ဇွန်း
- Rosemary လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၁ ဇွန်း
- ချိစ် ၆ အောင်စခန့် (၂ လက်မပတ်လည် စတုရန်းတုံးလေး တုံးထားလိုက်ပါ)
- ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ Oven ကို ၄၂၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားလိုက်ပါ။
၂။ အာလူးကို ၈ ပိုင်း ၁ ပိုင်းလက်မအထူခန့် လှီးဖြတ်ထားလိုက်ပါ။ (အာလူးလှီးဖြတ်ရာမှာ အဆုံးထိပြတ်သွားအောင်မလှီးဘဲ တဲတဲလေး ချန်ထားရပါမယ်။)
၃။ ထို့နောက် အာလူးများကို ခဲဖတ်ဖြင့် ပတ်ထားပြီးနောက် Oven ထဲမှာ ၃၅ မိနစ်ခန့် ထည့်ဖုတ်ရပါမယ်။
၄။ အချိန်ပြည့်ပါက Oven ထဲမှထုတ်ပြီး အာလူးများကို သံလွင်ဆီဖြင့် သုတ်လိမ်းပေးလိုက်ပါ။
၅။ ထို့နောက် ခဲဖတ်ဖြင့် မအုပ်ထားတော့ဘဲ နောက်ထပ် ၁၅ မိနစ်၊ ၂၅ မိနစ်ခန့် ထပ်ဖုတ်ပေးရပါမယ်။
၆။ အာလူးများ နူးအိသွားပြီဆိုရင်တော့ Oven ထဲကထုတ်ကာ ဓားဖြင့်လှီးထားသော အာလူးကို ဓားရာပေး၍ အနည်းငယ်ထပ်ဟထားပြီး ချိစ်ပြားများ ညှပ်ထည့်ပေးလိုက်ပါ။
၇။ ထို့နောက် ပါးပါးလှီးထားသော ကြက်သွန်မြိတ်နှင့် Rosemary များကိုလည်း ဖြူးထည့်ပေးလိုက်ပါ။ ကျန်ရှိနေသော သံလွင်ဆီများအားလုံး ကုန်အောင် သုတ်လိမ်းပေးပြီးနောက် ဆားနှင့် ငရုတ်ကောင်းမှုန့်များ ဖြူးထည့်လိုက်ပါ။
၈။ ထို့နောက် Oven ထဲထည့်ကာ ချိစ်များ အရည်ပျော်သွားအောင် (၅ မိနစ်မှ ၁၀ မိနစ်ခန့်) ထပ်ဖုတ်ပေးရပါမယ်။
ချိစ်များ အရည်ပျော်သွားပြီဆိုရင်တော့ အရသာရှိတဲ့ ချိစ် အာလူးမီးဖုတ်လေး ရရှိသွားပါပြီ။ သွားရေစာ အဆာပြေမုန့်အနေနဲ့လည်း စားသုံးနိုင်သလို ထမင်းနဲ့အတူတူ အရသာရှိရှိ တွဲဖက်စားသုံးနိုင်ပါတယ်။
Source: Pickledplum.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ ဒီတစ္ခါမွာေတာ့ အဆာေျပမုန္႔အေနနဲ႔လည္း စားသံုးႏိုင္သလို ထမင္းနဲ႔အတူတူ တြဲဖက္စားသံုးႏိုင္တဲ့ ခ်ိစ္အရသာ အာလူးမီးဖုတ္ ျပဳလုပ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- အာလူး အလံုးႀကီး ၂ လံုး
- သံလြင္ဆီ စစ္စစ္ စားပြဲတင္ဇြန္း ၂ ဇြန္း
- Rosemary လက္ဖက္ရည္ဇြန္း ၁ ဇြန္းႏွင့္ ၾကက္သြန္ၿမိတ္ စားပြဲတင္ဇြန္း ၁ ဇြန္း
- ခ်ိစ္ ၆ ေအာင္စခန္႔ (၂ လက္မပတ္လည္ စတုရန္းတံုးေလး တံုးထားလိုက္ပါ)
- ဆားႏွင့္ ငရုတ္ေကာင္းမႈန္႔အနည္းငယ္
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ Oven ကို ၄၂၅ ဒီဂရီဖာရင္ဟိုက္ျဖင့္ ႀကိဳတင္အပူေပးထားလိုက္ပါ။
၂။ အာလူးကို ၈ ပိုင္း ၁ ပိုင္းလက္မအထူခန္႔ လွီးျဖတ္ထားလိုက္ပါ။ (အာလူးလွီးျဖတ္ရာမွာ အဆံုးထိျပတ္သြားေအာင္မလွီးဘဲ တဲတဲေလး ခ်န္ထားရပါမယ္။)
၃။ ထို႔ေနာက္ အာလူးမ်ားကို ခဲဖတ္ျဖင့္ ပတ္ထားၿပီးေနာက္ Oven ထဲမွာ ၃၅ မိနစ္ခန္႔ ထည့္ဖုတ္ရပါမယ္။
၄။ အခ်ိန္ျပည့္ပါက Oven ထဲမွထုတ္ၿပီး အာလူးမ်ားကို သံလြင္ဆီျဖင့္ သုတ္လိမ္းေပးလိုက္ပါ။
၅။ ထို႔ေနာက္ ခဲဖတ္ျဖင့္ မအုပ္ထားေတာ့ဘဲ ေနာက္ထပ္ ၁၅ မိနစ္၊ ၂၅ မိနစ္ခန္႔ ထပ္ဖုတ္ေပးရပါမယ္။
၆။ အာလူးမ်ား ႏူးအိသြားၿပီဆိုရင္ေတာ့ Oven ထဲကထုတ္ကာ ဓားျဖင့္လွီးထားေသာ အာလူးကို ဓားရာေပး၍ အနည္းငယ္ထပ္ဟထားၿပီး ခ်ိစ္ျပားမ်ား ညွပ္ထည့္ေပးလိုက္ပါ။
၇။ ထို႔ေနာက္ ပါးပါးလွီးထားေသာ ၾကက္သြန္ၿမိတ္ႏွင့္ Rosemary မ်ားကိုလည္း ျဖဴးထည့္ေပးလိုက္ပါ။ က်န္ရွိေနေသာ သံလြင္ဆီမ်ားအားလံုး ကုန္ေအာင္ သုတ္လိမ္းေပးၿပီးေနာက္ ဆားႏွင့္ ငရုတ္ေကာင္းမႈန္႔မ်ား ျဖဴးထည့္လိုက္ပါ။
၈။ ထို႔ေနာက္ Oven ထဲထည့္ကာ ခ်ိစ္မ်ား အရည္ေပ်ာ္သြားေအာင္ (၅ မိနစ္မွ ၁၀ မိနစ္ခန္႔) ထပ္ဖုတ္ေပးရပါမယ္။
ခ်ိစ္မ်ား အရည္ေပ်ာ္သြားၿပီဆိုရင္ေတာ့ အရသာရွိတဲ့ ခ်ိစ္ အာလူးမီးဖုတ္ေလး ရရွိသြားပါၿပီ။ သြားေရစာ အဆာေျပမုန္႔အေနနဲ႔လည္း စားသံုးႏိုင္သလို ထမင္းနဲ႔အတူတူ အရသာရွိရွိ တြဲဖက္စားသံုးႏိုင္ပါတယ္။
Source: Pickledplum.com