အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ စပ်စပ်လေးနဲ့ အရသာရှိရှိ စားသုံးနိုင်မယ့် ဝက်သား မျှစ်ချဉ်အစပ်ဟင်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၂၅၉ ဂရမ် (အနေတော်အတုံး တုံးထားပါ)
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ဂျင်း ပန်းကန်လုံးတစ်ဝက်စာ
  • ငရုတ်သီးအခြောက် အနီတောင့် ၇ တောင့် (အချောင်းလိုက် ပါးပါးလှီးပါ)
  • မျှစ်ချဉ် စားပွဲတင်ဇွန်း ၄ ဇွန်းစာ

  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း တစ်ဝက်
  • ကြက်သွန်ဖြူ ၇ မြွှာ (ထောင်းထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ ထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီ၊ ဂျင်းတို့ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ထို့နောက် ပါးပါးလှီးထားသော ငရုတ်သီးများနှင့် မျှစ်တို့ထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။

၂။ နောက်တစ်ဆင့်အနေနဲ့ ဝက်သားနှင့် ဆားတို့ထည့်ကာ သမအောင် မွှေပါ။ ထို့နောက် အဖုံးအုပ်ထားပြီး ဝက်ဆီများ ထွက်လာသည်အထိ တည်ထားလိုက်ပါ။

၃။ ထို့နောက် ငရုတ်သီးမှုန့်နှင့် ကြက်သွန်ဖြူတို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၄။ မီးအပူချိန်ကိုလျော့ပြီးနောက် ဝက်သားများ နူးအိသွားသည်အထိ တည်ပေးလိုက်ပါ။ ဝက်သားကို မကြာခဏ မွှေပေးဖို့လည်း လိုအပ်ပါတယ်။

ဝက်သား ကျက်သွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သား မျှစ်ချဉ်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Pancuisine.blogspot.com