အားလုံးပဲ မင်္ဂလာပါ။ ကုန်ခမ်းသွားတဲ့ အားအင်များကို ပြန်လည်ဖြည့်တင်းပေးနိုင်မယ့် ကြက်စွပ်ပြုတ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ဒီဟင်းချက်နည်းထဲမှာတော့ မုန်ညှင်းထုပ်ကို အသုံးပြုထားပေမယ့် စာဖတ်သူတို့အနေနဲ့ မိမိကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက်တစ်မျိုးမျိုးကို အစားထိုး အသုံးပြုနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၃ ပေါင် (အတုံးခပ်ကြီးကြီး တုံးထားပါ)
  • မုန်ညှင်းထုပ် ၁၂ အောင်စ (ခပ်ရှည်ရှည် လှီးဖြတ်ထားပါ)
  • ကြက်သွန်နီ တစ်ခြမ်း
  • ကြက်သွန်ဖြူ ၇ မြွှာ
  • ဂျင်း ၃ ပြား

  • ဆားနှင့် ငရုတ်ကောင်းမှုန့်
  • ကြက်သွန်မြိတ် ၂ ပင်

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ကြက်သားတုံးများကို Slow Cooker ထဲထည့်ထားပါ။

၂။ ထို့နောက် မုန်ညှင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ ဂျင်းတို့ ထည့်ကာ ရေ ၂ လီတာ ထည့်ပါ။ ဆား စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ ထည့်ပါ။

၃။ ထို့နောက် အိုးအဖုံးအုပ်ကာ မီးအေးအေးဖြင့် ၆ နာရီ (သို့) မီးပြင်းပြင်းဖြင့် ၄ နာရီခန့် တည်ထားပါ။ ကြက်သွန်မြိတ်ကို ၂ လက်မအရှည် လှီးဖြတ်ထားပါ။

သတ်မှတ်ချိန်ပြည့်သွားလို့ ကြက်သား နူးအိသွားပြီဆိုရင်တော့ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ လိုအပ်ပါက ဆား၊ ငရုတ်ကောင်းမှုန့်တို့ ထပ်ထည့်နိုင်ပါတယ်။

၄။ ထို့နောက် ကြက်သွန်မြိတ်များ ထည့်ကာ ၂ မိနစ်ခန့် ထပ်တည်ပေးပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ မုန်ညှင်း ကြက်စွပ်ပြုတ်လေး ရရှိသွားပါပြီ။ ဟင်းရည်ကို အဆီမပါဘဲ သန့်သန့်လေး သောက်ချင်တယ်ဆိုရင်တော့ မျက်နှာပြင်ပေါ်တွင် ဝေ့တက်နေသောဆီများကို ခပ်ထုပ်လိုက်ပါ။ ကြက်သားနှင့် ဟင်းရွက်များကို ပန်းကန်လုံးအကြီးထဲသို့ ပြောင်းပြီးနောက် စွပ်ပြုတ်ရည်ကို ဆန်ခါဖြင့် စစ်ယူပါ။ ပြီးမှ ကြက်သားနှင့် ဟင်းရွက်တို့ဖြင့် ပြန်ပေါင်းလိုက်ရပါမယ်။

Source: Koreanbapsang.com