အားလုံးပဲ မင်္ဂလာပါ။ ရှူးရှူးရှဲရှဲလေးနဲ့ အရသာရှိတဲ့ စွပ်ပြုတ်ပူပူစပ်စပ်လေး စားသုံးချင်သူများအတွက် ဒီတစ်ခါမှာတော့ ကြက်သားစွပ်ပြုတ် အစပ် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၁ ပေါင်ခန့်
  • ကြက်ပြုတ်ရည် ၁ လီတာ
  • ခရမ်းချဉ်သီးအတုံးငယ်များ ၁၄.၅ အောင်စ
  • ပြောင်းဖူး ပန်းကန်လုံး ၁ လုံးစာ
  • ငရုတ်သီးစိမ်း အနည်းငယ်

  • ဟင်းခပ်အမွှေးအကြိုက် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားတုံးများကို အရိုးနှင့် အရေခွံများ ဖယ်ရှားထားလိုက်ပါ။

၂။ Slow Cooker ထဲတွင် ကြက်သားတုံး၊ ခရမ်းချဉ်သီး၊ ကြက်ပြုတ်ရည်၊ ပြောင်းဖူး၊ ငရုတ်သီးစိမ်းနှင့် ဟင်းခပ်အမွှေးအကြိုင်များ ထည့်ထားလိုက်ပါ။

၃။ ထို့နောက် အိုးအဖုံးအုပ်ကာ မီးအေးအေးဖြင့် ၆ နာရီမှ ၈ နာရီ (သို့) မီးအရှိန်ပြင်းပြင်းဖြင့် ၃ နာရီမှ ၄ နာရီခန့် တည်ထားလိုက်ပါ။

၄။ သတ်မှတ်ချိန်ပြည့်ပါက ကြက်သားများကို ခက်ရင်းအသုံးပြုပြီး နွှင်ပေးလိုက်ပါ။

ထို့နောက် ဟင်းရည်ကို အရသာအပေါ့အငန် မြည်းစမ်းကြည့်လိုက်ပါ။

အရသာအစပ်အဟပ် တည့်သွားပြီ ဆိုရင်တော့ အရသာရှိတဲ့ ကြက်စွပ်ပြုတ် စပ်စပ်လေး ရရှိသွားပါပြီ။

Source: Slowcookergourmet.net