အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အလွယ်တကူ လုပ်စားလို့ရမယ့် အရံဟင်းလျာတစ်မျိုးပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆန်ရှာလကာရည် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် အကြည် လက်ဖက်ရည်ဇွန်း ၃ ဇွန်း

  • သခွားသီး ၂ လုံး
  • ကြက်သွန်ဖြူ ၂ မြွှာ၊ ၄ မြွှာခန့် (ပါးပါးလှီးထားပါ)
  • ငရုတ်ဆီ လက်ဖက်ရည်ွန်း ၂ ဇွန်း
  • နှမ်း လက်ဖက်ရည်ဇွန်း ၂ ဖွန်း
  • နံနံပင် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ သခွားသီးကို ရေဆေးပြီး အဝတ်စသန့်သန့်ဖြင့် ခြောက်အောင် သုတ်ထားလိုက်ပါ။ ပန်းကန်လုံးတစ်လုံးထဲတွင် ဆား၊ သကြား၊ နှမ်းဆီ၊ ပဲငံပြာရည်နှင့် ဆန်ရှာလကာရည်တို့ထည့်ပြီး သမအောင် မွှေလိုက်ပါ။ ဆားနှင့် သကြားများ ပျော်ဝင်သွားသည်အထိ မွှေပေးရပါမယ်။

၂။ စဉ်းနီတုံးပေါ်တွင် သခွားသီးတင်ထားပြီး ဓားဖြင့် ပြားအောင် ဖိချလိုက်ပါ။ ပြီးမှ သခွားသီးကို အနေတော် အတုံး တုံးရပါမယ်။

၃။ ပန်းကန်လုံးတစ်လုံးပေါ်တွင် သခွားသီး ထည့်ပြီးနောက် စောစောက မွှေထားသော အချဉ်ရည်ကို ဆမ်းချလိုက်ပါ။ ကြက်သွန်ဖြူနှင့် ငရုတ်ဆီထည့်ကာ နယ်ပေးလိုက်ပါ။ အားလုံးပြီးသွားမှ နှမ်းဆီနှင့် နံနံပင်တို့ ထည့်ကာ ထပ်နယ်ပေးရပါမယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ သခွားသီးသုပ် အရံဟင်းကို ထမင်းနဲ့ တွဲဖက်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: thewoksoflife.com