ပါဝင်ပစ္စည်းများ

  • ပုစွန်သေးသေး ၂၀ သား
  • ထမင်းပူပူ
  • ဆား

ပြုလုပ်နည်း

ပုစွန်သေးသေး ၂၀ သားကို ခေါင်းဖြုတ်ပြီး ရေစင်အောင်ဆေးပါ။ ဇကာနဲ့ရေခဏစစ်ထားပြီး ဆားကို ခါတိုင်းဟင်းချက်တာထက် နဲနဲပိုထည့်ပြီး နှံ့အောင်နယ်ပါ။

နာရီဝက်လောက်ရေစစ်ထားပြီး ထမင်းပူပူနဲ့ ဆားနယ်ထားတဲ့ပုစွန်ကို ရောနယ်ပေးပါ။ နယ်ပြီးရင် ခြောက်သွေ့သန့်ရှင်းတဲ့ အနေတော် ဖန်ပုလင်း ထဲကို ဖိသိပ်ပြီးထည့်ပါ။

ပုလင်းပြည့်အောင် အပေါ်ကနေ ဝါးရွက် ငှက်ပျောရွက်ဖိထည့်ပြီး လေလုံအောင်အဖုံးဖုံးကာ တစ်ညသိပ် ထားလိုက်ပါ။ နောက်တနေ့ အဖုံးဖွင့်ပြီး ပန်းကန်ပြားပေါ်မှောက်ထားပေးပါ။

ပုစွန်ချဉ်ပုလင်းမှ ထွက်ကျလာသော အရည်များကို နေ့တိုင်းသွန်ပစ်ပေးပါ။ အဲဒီအတိုင်း ၂ ရက်၊ ၃ ရက်ထားပြီးရင် ပုစွန်ချဉ် ရပါပြီ ။ (ချဉ်ပြီးမှ ရေခဲသတ္တာထဲ ထည့်ပါ။)

ပုစွန်ချဉ်သုပ်နည်း

ပုစွန်ချဉ်သုပ်ကို ကြက်သွန်နီ၊ ဆီ၊ ငရုတ်သီးအကျက်မှုန့်၊ ရှမ်းနံနံ၊ စပါးလင်နဲ့ ရောပြီးသုပ်စားပါတယ်။

မှတ်ချက် – ငါးချဉ်ကိုလည်း ငါးခုံးမ နဲ့ အထက်ပါနည်းအတိုင်း လုပ်ပြီး ရေစစ်ပြီး အပေါ်ကနေ အလေးတခုခုနဲ့ ဖိထားပြီး ၂ရက်၊၃ရက်ထားပြီးရင် ငါးချဉ်ရပါပြီ။

Credit: မွန်မလက်ရာ စားစရာ