အားလုံးပဲ မင်္ဂလာပါ။ မနက်စာ စားချင်လို့ပဲဖြစ်ဖြစ်၊ နေ့ခင်းနေ့လည် သွားရေစာမုန့်စားချင်လို့ပဲဖြစ်ဖြစ် ဘက်စုံစားသုံးနိုင်တဲ့ တူနာငါး အသားညှပ်ပေါင်မုန့် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပြုလုပ်ပြင်ဆင်နည်းက လွယ်ကူရိုးရှင်းတာကြောင့် မိမိမီးဖိုချောင်ထဲမှာ အလွယ်တကူလုပ်စားနိုင်မှာပါ။

ပါဝင်ပစ္စည်းများ

  • တရုတ်နံနံ ၂ ပင်ခန့်
  • ကြက်ဥပြုတ် ၁ လုံး
  • မိရောနိစ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သခွားသီး ဆားရေစိမ် ၁ လုံး (ရိုးရိုးသခွားသီးလည်း အသုံးပြုနိုင်ပါတယ်)
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

  • တူနာငါး စည်သွပ်ဘူး တစ်ဘူး (၇ အောင်စခန့်)
  • ပေါင်မုန့် ၆ ချပ်၊ ၈ ချပ်ခန့်
  • ဆလပ်ရွက်အနည်းငယ်
  • ပါးပါးလှီးထားေးသာ ခရမ်းချဉ်သီးအနည်းငယ်
  • ပါးပါးလှီးထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ၂ ဇွန်းခန့် (ကြက်သွန်နီမကြိုက်ပါက မထည့်လည်းရပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ တူနာငါးကို ပန်းကန်ထဲသို့ ပြောင်းထည့်ပြီးနောက် ဆီကို ဖယ်ရှားဖို့ရန်အတွက် ဆန်ခါဖြင့် စစ်ပေးလိုက်ပါ။ ထို့နောက် ခက်ရင်းဖြင့် ထိုးဆွထားလိုက်ပါ။

၂။ တရုတ်နံနံ၊ ကြက်ဥနှင့် သခွားသီးတို့ကို လေးထောင်တုံးပုံသဏ္ဍာန်ရအောင် နုပ်နုပ်စဉ်းထားလိုက်ပါ။ ထို့နောက် ပန်းကန်ထဲထည့်ပြီးနောက် မိရောနိစ်ဖြင့် သမအောင် မွှေပေးလိုက်ပါ။

၃။ ပြီးရင်တော့ တူနာငါးကိုပါ ပန်းကန်ထဲထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။

၄။ ပေါင်မုန့်ချပ်များကို မီးကင်စက်ထဲထည့်ပြီး မီးကင်ထားလိုက်ပါ။

၅။ ရရှိလာတဲ့ ပေါင်မုန့်ချပ်ပေါ်မှာ ဆလပ်ရွက်တင်ထားလိုက်ပါ။ ထို့နောက် တူနာငါး အရောအနှောများ တင်ထားလိုက်ပါ။ ပြီးမှ ပါးပါးလှီးထားသော ခရမ်းချဉ်သီးအကွင်းများကို တူနာငါးပေါ် တင်ထားလိုက်ပါ။ အခြားပေါင်မုန့်ချပ်ကို အလိုက်သင့်လေး ထပ်တည်ထားပြီးနောက် အသာအယာဖိပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ တူနာငါး အသားညှပ်ပေါင်မုန့်လေး ရရှိသွားပါပြီ။ အာလူးချောင်းကြော်နဲ့ တွဲဖက်စားသုံးမယ်ဆိုရင် အင်မတန်လိုက်ဖက်မှုရှိပါတယ်။

Source: Thespruceeats.com