အားလုံးပဲ မင်္ဂလာပါ။ ထမင်းစားတဲ့အခါ ဟင်းရည် ပူပူစပ်စပ်လေးပါမှ ပိုစားမြိန်တယ်ဆိုသူများအတွက် လွယ်ကူရိုးရှင်းပြီး အရသာရှိတဲ့ ပဲပင်ပေါက်ဟင်းရည် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲပင်ပေါက် ၁ ပေါင်
  • ငါးနီတူးခြောက် ၈ ကောင် (ခေါင်းနှင့် အညစ်အကြေးများကို ဖယ်ရှားထားပါ)
  • ရေ ၂ လီတာ
  • ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၂ ဥ (ပါးပါးလှီးထားပါ)

  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်မြိတ် ၂ ပင် (ကန့်လန့် လှီးဖြတ်ထားပါ)
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် နှမ်းစေ့ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငါးနီတူးခြောက်များကို လက်ဖက်ခြောက်အိတ်ကဲ့သို့ အိတ်သန့်သန့်လေးတစ်ခုထဲ ထည့်ထားပါ။

၂။ ပဲပင်ပေါက်များကို အိုးတစ်လုံးထဲထည့်ပါ။ ရေ၊ ငါးနီတူးအိတ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးမှုန့်၊ ပဲငံပြာရည်၊ ငါးငံပြာရည်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၃။ ထို့နောက် အဖုံးအုပ်ကာ အလယ်အလတ်မီးအပူချိန်ဖြင့် မိနစ် ၃၀ ခန့် တည်ထားလိုက်ပါ။

ပွက်ပွက်ဆူလာပြီဆိုရင်တော့ ငါးနီတူးအိတ်ကို ဆယ်ယူကာ ဖယ်ရှားထားလိုက်ပါ။

၄။ အရသာအပေါ့အငန် မြည်းကြည့်ပြီးတဲ့နောက်မှာတော့ လိုအပ်ပါက ဆား အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။ ထို့နောက် ကြက်သွန်မြိတ်များ ထည့်ကာ တစ်မိနစ်ခန့် တည်ထားလိုက်ပါ။

မီးဖိုပေါ်က ချပြီးတဲ့နောက်မှာတော့ အနံ့မွှေးဖို့ရန်အတွက် နှမ်းဆီထည့်ကာ မွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပဲပင်ပေါက်ဟင်းရည်စပ်စပ်လေး ရရှိသွားပါပြီ။ ဟင်းရည် သောက်ခါနီးကျမှ နှမ်းစေ့များ ဖြူးထည့်ပေးလိုက်ပါ။

Source: Maangchi.com