မနက်စာအဖြစ် ထမင်းကြော်ပူပူလေး သုံးဆောင်တတ်လေ့ရှိသူများအတွက် ဒီတစ်ခါမှာတော့ ဝက်ပေါင်ခြောက် ကြက်ဥထမင်းကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဝက်ပေါင်ခြောက် ၆ အောင်စ (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)နှင့် ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)

  • ပဲလုံးစိမ်း အနည်းငယ်
  • မုန်လာဥနီ တစ်လုံး (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ထမင်း ပန်းကန်လုံး ၃ လုံးစာ
  • ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲနှင့် သကြားညို စားပွဲတင်ဇွန်း ၁ ဇွန်း
  • မြေပဲ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ဝက်ပေါင်ခြြောက်ထည့်ပြီး ရွှေညိုရောင် ပြောင်းသွားသည်အထိ မွှေကြော်ပါ။ ထို့နောက် ပန်းကန်ပြားထဲသို့ ဆယ်ထည့်ထားပါ။

၂။ ဒယ်အိုးထဲသို့ ကျန်ရှိနေသော ဆီများနှင့် ထောပတ်တို့ထည့်ပါ။ ထောပတ် အရည်ပျော်သွားပါက ကြက်ဥထည့်ကာ မွှေကြော်ပါ။

၃။ ထို့နောက် ကြက်သွန်မြိတ်၏ ဖြူသောအစိတ်အပိုင်းနှင့် ကြက်သွန်ဖြူတို့ထည့်ကာ ပျော့သွားသည်အထိ မွှေကြော်ပါ။

၄။ ထို့နောက် ပဲလုံးစိမ်၊ မုန်လာဥနီနှင့် ထမင်းတို့ထည့်ကာ သမအောင် မွှေကြော်ပါ။

ထို့နောက် ရှာလကာရည်ထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပါ။

၅။ နောက်ဆုံးအဆင့်အနေနဲ့ ဝက်ပေါင်ခြောက်ကြော်၊ ပဲငံပြာရည်နှင့် သကြားညိုတို့ထည့်ကာ သမအောင် ၂ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက်မှာ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ထို့နောက် မြေပဲနှင့် ကြက်သွန်မြိတ်များ ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်ပေါင်ခြောက် ကြက်ဥထမင်းကြော်လေး ရရှိသွားပါပြီ။

Source: Thespruceeats.com