ကြက်ဥ Half-Fried ကို ရိုးရိုးပဲကြော်စားရတာ လွယ်ကူရိုးရှင်းလွန်းလှပါတယ်။ အမြင်လည်းဆန်းသွားအောင် အရသာလည်း ခါတိုင်းထက်ပိုကောင်းသွားအောင်လို့ ငရုတ်ပွ၊ ခရမ်းချဉ်သီးတို့နဲ့ ကြော်စားကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၄ လုံး
  • ခရမ်းချဉ်သီး ၁ လုံး (ပါးပါးလှီးထားပါ)
  • ငရုတ်ပွ ၁ ခု (အရောင်မတူတဲ့ ငရုတ်ပွ ၄ ခုကိုလည်း အသုံးပြုနိုင်ပါတယ်)
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငရုတ်ပွကို ကွင်းအဝိုင်းပုံသဏ္ဍာန်ဖြစ်အောင် လှီးဖြတ်လိုက်ပါ။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ထိုငရုတ်ပွကွင်းတစ်ကွင်းကို အိုးထဲထည့်လိုက်ပါ။

၂။ ခရမ်းချဉ်သီးအနည်းငယ်ကို ငရုတ်ပွကွင်းထဲ ထည့်လိုက်ပါ။

၃။ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ် ဖြူးထည့်လိုက်ပါ။

၄။ ကြက်ဥကို ခရမ်းချဉ်သီးပေါ် ဖောက်ထည့်လိုက်ပါ။

မိမိရဲ့ အကြိုက်ပေါ်မူတည်ပြီး ကြက်ဥအနှစ်များကို ကျက်သည်အထိ ကြော်လို့လည်း ရသလို မကျက်တကျက်လေးပဲ ထားပြီး ကြော်မယ်ဆိုရင်လည်း ရပါတယ်။ ဒါ့အပြင် သင့်ရဲ့ဒယ်အိုးအရွယ်အစားပေါ် မူတည်ပြီး ကြက်ဥလေးလုံးစလုံးကို တစ်ပြိုင်တည်းကြော်လို့ရသလို တစ်လုံးပြီးမှ တစ်လုံးကြော်လို့လည်းရပါတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ ငရုတ်ပွ ခရမ်းချဉ်သီး ကြက်ဥကြော် မနက်စာလေးကို အရသာရှိရှိသုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source: arieskitchen.net