အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်မှာတော့ ချဉ်ချဉ်စပ်စပ်လေးနဲ့ စားလို့ကောင်းတဲ့ ပုစွန် အရွက်စုံသုပ် ပြုလုပ်နည်းကို ဖော်ပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

အချဉ်ပြုလုပ်ရန်

  • ပျားရည် စားပွဲတင်ဇွန်း ၆ ဇွန်း
  • ငရုတ်သီးဆော့ စားပွဲတင်ဇွန်း ၆ ဇွန်း

ပုစွန်ကြော်ရန်

  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပုစွန် ၁၂ ကောင်ခန့်
  • ကြက်သွန်ဖြူမှုန့် အနည်းငယ်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ဟင်းသီးဟင်းရွက်များ

  • ဆလပ်ရွက်အနည်းငယ်
  • သခွားသီး တစ်ဝက်
  • ပါးပါးလှီးထားသော တရုတ်နံနံအနည်းငယ်
  • သံပုရာသီး တစ်လုံး
  • ဖရုံစေ့ အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ပျားရည်နဲ့ ငရုတ်သီးဆော့တို့ကို သမအောင် ရောမွှေလိုက်ပါ။

ဒယ်အိုးကို အပူပေးပြီး ထောပတ်ထည့်ကာ အရည်ပျော်သွားတဲ့အထိစောင့်ပါ။  ထောပတ်အရည်ပျော်သွားတဲ့အခါ ပုစွန်ထည့်ကြော်ပေးလိုက်ပါ။ ကြက်သွန်ဖြူမှုန့်နဲ့ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး မွှေပေးလိုက်ပါ။

ထို့နောက် ပျားရည်နဲ့ ငရုတ်သီးဆော့အရောအနှောကို ပုစွန်ထဲထည့်ကြော်ပေးလိုက်ပါ။ ၂ မိနစ်လောက်ကြာတဲ့အခါ မီးဖိုပေါ်က ချပြီး အအေးခံထားလိုက်ပါ။

ဟင်းရွက်တွေအတွက် ဆက်လက် ပြင်ဆင်ပေးရပါမယ်။ ဆလပ်ရွက်ကို အနေတော်အရွယ်အစားခန့် လှီးဖြတ်ထားပါ။ သခွားသီးကိုလည်း အနေတော်အတုံးအသေးများ ဖြစ်အောင် တုံးထားလိုက်ပါ။

ထို့နောက် ဆလပ်ရွက်နဲ့ သခွားသီးများကို ပန်းကန်ပြားထဲတွင် အစီအရီထည့်ထားလိုက်ပါ။

ကြော်ထားသော ပုစွန်နဲ့ ဟင်းအနှစ်များကို ဟင်းရွက်ပေါ် တင်လိုက်ပါ။

ထို့နောက် ဖရုံစေ့များ ဖြူးထည့်လိုက်ပါ။ သံပုရာသီးတစ်ခြမ်း ညှစ်ပေးလိုက်ပြီး ကျန်တစ်ခြမ်းကိုတော့ အလှဆင်ထားဖို့ အတုံးသေးသေးတုံးပြီး ပန်းကန်ထဲထည့်ထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပုစွန်ချဉ်စပ် ဟင်းရွက်သုပ်ကို ထမင်းနဲ့ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: couponclippingcook.com