ချဉ်ပေါင်ရွက်က ကြော်ကြော်၊ ချက်ချက် စားလို့ အလွန်ကောင်းတာကတော့ လူတိုင်းသိပါတယ်နော်။ ဒီလိုစားလို့အလွန်ကောင်းတဲ့ ချဉ်ပေါင်ကို စပ်စပ်လေးနဲ့ ချဉ်ချဉ်လေးဖြစ်အောင် ကြော်စားလို့ရမယ့် ချက်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
- ချဉ်ပေါင်ရွက်
- မျှစ်
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ငရုပ်သီးစိမ်း
- ပုဇွန်ခြောက်
- ပုဇွန်ငါးပိ အနည်းငယ်
- နနွင်းမှုန့် အနည်းငယ်
- ငရုပ်သီး အကြမ်းဖတ် ကျပ် ၁၀၀/- တန်တစ်ထုပ်ထည့်
Source: Omnivore’s Cookbook
- ငံပြာရည်
- ဟင်းချိုမှုန့်
- ဆီ
ပြုလုပ်နည်း
မျှစ်ပြုတ်ပြီး ပြုတ်ရည် သွန်ပစ်လိုက်ပါမယ်။ ချဉ်ပေါင်ရွက်ရေဆေး ၊ ရေစိမ်ဆေးပြီး ဇကာတစ်ခုဖြင့် စစ်ထားပါမယ်။ ကြက်သွန်နီလှီး ၊ ငရုပ်သီးစိမ်းညှပ် ၊ ကြက်သွန်ဖြူ ဒါးပြားရိုက် ထားပါမယ် ။
ပုဇွန်ခြောက် ထောင်းထားပါမယ်။ ပုဇွန် ငါးပိ အနည်းငယ် ရေဖျော်ထားပါမယ်။ အားလုံး ချက်ရန် အဆင်သင့်ဖြစ်လျှင် ဒယ်အိုးထဲဆီ သင့်တင့် သလိုထည့်ပြီး နနွင်းမှုန့် အနည်းငယ်ထည့်ရျ် ကြက်သွန်နီ ဆီသပ်ပါ။
ကြက်သွန်နီ ရခါနီးမှာ အရောင်တင်မှုန့် အနည်းငယ်ထည့် ၊ ငရုပ်သီး အကြမ်းဖတ် ကျပ် ၁၀၀/- တန်တစ်ထုပ်ထည့်ပြီး မွှေပါ။ မွှေပြီးတာနဲ့ ပုဇွန်ခြောက် ထောင်းထားတာ ထည့်ပြီး မွှေပါ။
မွှေပြီးတာနဲ့ ငါးပိရေဖျော်ထားတာထည့်ပြီး မွှေပေးပါ။ ကြက်သွန်ဖြူ ဒါးပြားရိုက်ထည့်ပါ။ ငရုပ်သီး အစိမ်းတောင့် ညှပ်ထားတာ ထည့်ပြီး မွှေပေးပါ။
မွှေပြီးတာနဲ့ ချဉ်ပေါင်ရွက်များ ထည့်ပါ။ ချဉ်ပေါင်ရွက် အနည်းငယ်ညှိုးသွားလျှင် မျှစ်ပြုတ်ထားတာ ထည့်ပါ။ မျှစ်ထည့်ပြီး ငံပြာရည် ၊ ဟင်းချိုမှုန့်ထည့်ပြီး မွှေပေးပါ သမသွားလျှင် ရေအနည်းငယ် ထည့်ပါ။
ပွက်ပွက်ဆူပြီး အောင် ငါးမိနစ်လောက် အဖုံးအုပ် တယ်ထားလိုက်ပြီးလျှင် ရေစပ်စပ်လေး ကျန်လျှင် မီးပိတ်ပါ။ မီးအပူရှိန်လေးနဲ့ တင်ထားလိုက်လျှင်တော့ဖြင့် ချဉ်ပေါင် စပ်ချဉ်တစ်အိုး ကျက်ပါပြီ ။
Credit: LayZaw ( ဥဿာသား )