ပုဇွန်ကို ကင်သလိုမျိုး အိုးပူတိုက်ထားတော့ အရမ်းကို အနံ့မွှေးပါတယ်။ သုပ်တဲ့ထဲမှာ ငံပြာရည်နဲ့သံပုရာရေပါတော့ ပိုမွှေးသွားတာပေါ့။ တအိမ်လုံးတော့ ကြိုက်ကြတဲ့ပုဇွန်အိုးပူတိုက် အသုပ်လေးပါ။ လုပ်ရတာလဲ လွယ်ကူတယ်။ ပါဝင်သောပစ္စည်းတွေလဲ အလွယ်တကူရလို့ လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ

  • ခေါင်းမပါသော ပုဇွန် – ၁ ပေါင် (သို့) ၂၅ ကျပ်သား
  • ဆား – အနည်းငယ်
  • ငရုတ်ကောင်း – အနည်းငယ်
  • ငံပြာရည် – ၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • သံပုရာသီး – ၁ လုံး
  • သကြား – တစ်ဝက် (လက်ဖက်ရည်ဇွန်း)
  • နံနံပင် – အနည်းငယ် (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် – အနည်းငယ် (ပါးပါးလှီးထားပါ)
  • မြေပဲထောင်း – ၁ ဇွန်း (ထမင်းစားဇွန်း)

ပြင်ဆင်ပြုလုပ်နည်း

  1. ပုဇွန်ကို အခွံနွှာ ကျောရိုးကို ခွဲပြီး သန့်စင်ထားပါ။ ပြီးရင် ရေခြောက်အောင်ထားပါ။ ထို့နောက် ဆားအနည်းငယ် နှင့် ငရုတ်ကောင်း တို့ဖြင့် နယ်ပါ။ (ဆား နည်းနည်းပဲ ထည့်ရပါတယ်။ သုပ်မည့်ထဲမှာ ငံပြာရည်ပါမှာမို့ပါ။)
  2. ထို့နောက် မကပ်သော အိုးထဲမှာ ဆီထမင်းစားဇွန်း တဇွန်း ထည့်ပြီး ဆီပူလာလျှင် ပုဇွန်ကို ထည့်ပြီး အိုးပူတိုက်ပါ။ ၃ မိနစ် – ၅ မိနစ်လောက် ထည့်လှိမ့်ပါ။ (ရေမထည့်ရပါ။ ရေထည့်ရင် အနံ့မွှေးမလာပါ ။)
  3. ပန်းကန်တခုထဲတွင် ငံပြာရည် ၊ သကြား ၊ သံပုရာသီး ၁လုံးမှ သံပုရာရည်တို့ကို ထည့်၍ သကြားအရည်ပျော်သည်အထိ ခလောက်ပါ။
  4. စားခါနီးမှ ပုဇွန်ကို ဖျော်ထားသော အချဉ်ရည်ထဲထည့် ၊ နံနံပင် ၊ ကြက်သွန်မြိတ်နှင့် မြေပဲထောင်းတို့ကို ထည့်၍ အသာနယ်ပါ။
  5. အနံ့မွှေးမွှေး ၊ ချဉ်ချဉ် စိမ့်စိမ့်နဲ့အရမ်းစားလို့ကောင်းတဲ့ ပုဇွန်အိုးပူတိုက်အသုပ်ကို သုံးဆောင်နိုင်ပါပြီ။

Credit: ဟင်းချက်နည်းများ