အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါဝေမျှပေးမယ့် ဟင်းလျာလေးကတော့ ကညွှတ်ကြက်ဥသုပ်ပဲဖြစ်ပါတယ်။ ဟင်းပွဲအပြင်အဆင်လေးကိုတော့ တစ်မူထူးခြားသွားအောင် ကြက်ဥအကာကို အသုံးပြုရပါမယ်။

အရသာလည်း ကောင်းမွန်ပြီး ဟင်းပွဲအပြင်အဆင်ကလည်း ထူးခြားလှပအောင် ဘယ်လိုပြင်ဆင်ချက်ပြုတ်ရမလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥပြတ် ၇ လုံး (အခွံခွာထားပါ)
  • မိရောနိစ် ၆၀ ဂရမ်
  • ကညွှတ် ၃၀ ဂရမ် (ခပ်ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း နှစ်ဇွန်း
  • ဆား အနည်းငယ်

  • သခွားသီး ဆားရည်စိမ် နှစ်လုံး (အတုံးခပ်သေးသေး တုံးထားပါ)
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ငရုတ်သီးဆော့စ် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဥပြုတ်များကို ထက်ခြမ်းခြမ်းပြီးနောက် ကြက်ဥအနှစ်များကို ဇွန်းဖြင့် အသာအယာခပ်ထုတ်ပြီး ပန်းကန်လုံးထဲထည့်ထားပါ။ ထို့နောက် ကြက်ဥအနှစ်များကို ခက်ရင်းဖြင့် ချေပစ်လိုက်ပါ။

၂။ ထို့နောက် ပန်းကန်လုံးထဲသို့ မိရောနိစ်၊ ကညွှတ်၊ ကြက်သွန်နီ၊ သခွားသီး၊ ဆော့စ်၊ ဆားနှင့် ငရုတ်ကောင်းတို့ ထည့်ပြီး သမအောင် နယ်ပေးလိုက်ပါ။ နယ်ပြီးပါက အရသာအပေါ့အငန်မြည်းကြည့်ပြီး ဆားလိုအပ်ပါက ဆားထပ်ထည့်ပေးနိုင်ပါတယ်။

၃။ ရရှိလာတဲ့ ဟင်းရွက် ကြက်ဥသုပ်ကို ကြက်ဥအကာထဲသို့ ပုံစံတကျပြန်ထည့်ထားလိုက်ပါ။ ထို့နောက် ငရုတ်ဆော့စ်ကိုကြက်ဥအပေါ်မှ နေပြီး ဆမ်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ဥအကာထဲက ကညွှတ် ကြက်ဥသုပ်လေးကို မြည်းစမ်းကြည့်နိုင်ပါပြီ။

Source:  Couponclippingcook.com