ရှူးရှူးရှဲရှဲဟင်းရည်စပ်စပ်လေး စားသုံးချင်သူများအတွက် အာလူး ကြက်သားဟင်းရည် စပ်စပ်လေးက လျှာလည်သွားစေမယ့် အရသာကို ပေးစွမ်းနိုင်တဲ့ဟင်းရည်တစ်ခွက်ပါပဲ။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၁ ပေါင် (၂ လက်မခွဲအတုံးငယ်များ တုံးထားလိုက်ပါ)
  • နွားနို့ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • အာလူး ၈ အောင်စ (အခွံခွာပြီး အနေတော် အတုံး တုံးထားပါ)
  • ကြက်သွန်နီ ၆ အောင်စ (ပါးပါးလှီးထားပါ)

  • ငရုတ်သီးစိမ်း ၁ တောင့် (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (၁ လက်မအရှည် လှီးဖြတ်ထားပါ)

ဆော့စ်ပြုလုပ်ရန် လိုအပ်သောဟင်းခပ်ပစ္စည်းများ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ထောင်းထားသော ငရုတ်သီး စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားတုံးများကို နွားနို့ဖြင့် နယ်ပြီးနောက် မိနစ် ၃၀ မှ ၂ နာရီကြာသည်အထိ နှပ်ထားလိုက်ပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ဆော့စ်ပြုလုပ်ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများအားလုံးကို ရောမွှေထားလိုက်ပါ။

၃။ ထို့နောက် ကြက်သားတုံးများကို ဒန်အိုးထဲထည့်ပြီးနောက် ရေ ၂ ခွက်ခွဲနှင့် ဆော့စ်အနှစ်များ ထည့်လိုက်ပါ။ ၁၅ မိနစ်ခန့် အလယ်အလတ်မီးအပူချိန်ဖြင့် တည်ထားပါ။

၄။ သတ်မှတ်ချိန်ပြည့်ပါက အာလူး၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့ထည့်ကာ သမအောင် ရောမွှေပါ။ ထို့နောက် အဖုံးအုပ်ကာ ၁၅ မိနစ်ခန့် ထပ်တည်ပါ။

၅။ (၁၅) မိနစ်ပြည့်လို့ အာလူးလည်း နူးအိသွားပြီဆိုရင်တော့ ကြက်သွန်မြိတ်ထည့်ကာ ၁ မိနစ်ခန့်တည်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးသွားရင်ဆိုရင်တော့ အရသာရှိတဲ့ အာလူး ကြက်သားဟင်းရည်စပ်စပ်လေး ရရှိသွားပါပြီ။

Source: Maangchi.com