ချဉ်ဟင်း ကြိုက်နှစ်သက်သူများအတွက် ကိုရီးယားစတိုင်လ် မက်ကရယ်ငါး မုန်လာဥချဉ်ဟင်း ချက်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မက်ကရယ်ငါး ၁ ကောင်
  • မုန်လာဥဖြူ ၅၀၀ ဂရမ်
  • ကြက်သွန်မြိတ် ၁ ပင်
  • ရေ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း

  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ငရုတ်သီးနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မက်ကရယ်ငါးကို သန့်စင်အောင် ဆေးကြောပြီးတဲ့နောက်မှာ အနေတော် အတုံး တုံးထားပါ။

၂။ မုန်လာဥကို အခွံခွာပြီး အဝိုင်းပါးပါးလေး လှီးထားပါ။ ကြက်သွန်မြိတ်ကိုလည်း ပါးပါးလှီးထားပါ။

၃။ ပန်းကန်လုံးတစ်လုံးထဲတွင် ပဲငံပြာရည်၊ ငရုတ်နှစ်၊ ငရုတ်သီးမှုန့်၊ ပျားရည်၊ ဆန်ဝိုင်၊ ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် မွှေပါ။

၄။ အိုးအကြီးတစ်လုံးထဲသို့ မုန်လာဥဖြူများထည့်ပါ။ မုန်လာဥပေါ်တွင် မက်ကရယ်ငါးအတုံးများ စီထားလိုက်ပါ။ ထို့နောက် ကြက်သွန်ဖြူထည့်ပါ။

၅။ ပြီးရင်တော့ ပဲငံပြာရည်အရောအနှောများ လောင်းထည့်ပါ။ ရေ စားပွဲတင်ဇွန်း ၁၆ ဇွန်းထည့်ပြီး ပွက်ပွက်ဆူလာအောင် တည်ပါ။

၆။ ပွက်ပွက်ဆူလာပါက မီးအရှိန်လျော့ကာ အဖုံးအုပ်ပြီး နောက်ထပ် မိနစ် ၂၀၊ ၂၅ မိနစ်ခန့် ထပ်တည်ပေးရပါမယ်။

၇။ ထို့နောက် အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

ထိုအဆင့်များအားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ မက်ကရယ်ငါး မုန်လာဥချဉ်ဟင်းလေး ရရှိသွားပါပြီ။

Source: Futuredish.com