အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကိုရီးယားဟင်းလျာတစ်မျိုးဖြစ်တဲ့ ပဲပင်ပေါက် ကြက်စွပ်ပြုတ်စပ်စပ်လေး ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက် ၁ ကောင်
  • ဂျင်းပြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်မြိတ် ၈ ပင် (ရေဆေးသန့်စင်ထားပါ)
  • ပဲပင်ပေါက် ၁၂ အောင်စ (ရေဆေးသန့်စင်ထားပါ)
  • ကြက်သွန်ဖြူ ၁၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)

  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ဆားအနည်းငယ်
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီ ၃ အောင်စ (လေးထောင့်အတုံးငယ် လှီးဖြတ်ထားပါ)
  • ငရုတ်သီးတောင့် အခြောက်တောင့် ၇ တောင့်နှင့် ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၅ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ဆား စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားတုံးကို ဆား စားပွဲတင်ဇွန်း ၄ ဇွန်းဖြင့် ပွတ်တိုက်ကာ အေးဖြင့် သန့်စင်သွားအောင် ဆေးကြောလိုက်ပါ။ ထို့နောက် ဒန်အိုးအကြီးထဲ ထည့်ပါ။

ကြက်သွန်မြိတ်များကို ၄ လက်မအရှည် လှီးဖြတ်ပြီးနောက် ကြက်သားဒန်အိုးထဲ ထည့်ပါ။ ဂျင်းပြားများပါ ထည့်ပါ။

ထို့နောက် ရေ ၁၄ ခွက် (၂ လီတာခွဲကျော်ခန့်) ခန့်ထည့်ကာ အဖုံးအုပ်ပြီးနောက် ကြက်သားများ နူးအိသွားသည်အထိ ၁ နာရီခန့် တည်ထားပါ။

၂။ ကြက်သားများ နူးအိသွားပါက ဇလုံထဲထည့်ကာ အအေးခံထားလိုက်ပါ။

ထို့နောက် အရိုးများကို ဖယ်ရှားပြီး အသားနွှင်ထားပါ။ ထို့နောက် ကြက်သားကို ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ဖြင့် သမအောင် ရောနယ်ထားလိုက်ပါ။

၃။ ဒန်အိုးထဲ ကျန်ခဲ့တဲ့ ကြက်ပြုတ်ရည်ကိုတော့ အဝတ်စသန့်သန့် (သို့) ရေစစ်ဖြင့် စစ်ယူလိုက်ပါ။ ထို့နောက် ဒယ်အိုးကို သန့်စင်အောင် ဆေးကြောပြီး ကြက်ပြုတ်ရည်များကို အိုးထဲ ပြန်ထည့်ကာ ဆူပွက်လာအောင် တည်ပါ။

၄။ ဒယ်အိုးအသေးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီထည့်ကာ ၈ မိနစ်ခန့် ကြော်ပါ။ ထို့နောက် ငရုတ်သီးခြောက်များထည့်ကာ မိနစ်အနည်းငယ်ခန့် ဆီသတ်ပါ။

ရရှိလာတဲ့ ဆီကိုပဲ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် စစ်ယူမှာဖြစ်ပြီး ကြက်သွန်နီနှင့် ငရုတ်သီးတောင့်ကိုတော့ ဖယ်ရှားရပါမယ်။

ထို့နောက် ငရုတ်သီးမှုန့်၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်၊ ဆား စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ဆီ ပန်းကန်လုံးထဲ ပေါင်းထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၅။ ဇလုံအကြီးတစ်လုံးထဲတွင် ပဲပင်ပေါက်နှင့် ကြက်သွန်မြိတ်များထည့်ပါ။ ထို့နောက် စောစောက ငရုတ်နှစ်များနှင့် သမအောင် ရောနယ်လိုက်ပါ။

၆။ ထို့နောက် ပဲပင်ပေါက်အရောအနှောကို ဆူပွက်နေသော ကြက်ပြုတ်ရည်ထဲ ထည့်ပြီး မိနစ် ၂၀ ခန့် တည်ထားလိုက်ပါ။

၇။ ထို့နောက် ကြက်သားထည့်ကာ ၁ မိနစ်မှ ၁၀ မိနစ်ခန့် တည်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကိုးရီးယားစတိုင်လ် ပဲပင်ပေါက် ကြက်သားစွပ်ပြုတ်စပ်စပ်လေး ရရှိသွားပါပြီ။

Source: Maangchi.com