(Unicode)

ထမင်းစားသုံးတဲ့အခါ အဓိကဟင်းလျာကလည်း အရေးကြီးသလို အရံဟင်းလျာတွေရဲ့အခန်းကဏ္ဍကိုလည်း မေ့ထားလို့မရပါဘူး။ အရံဟင်းများကလည်း ထမင်းစားမြိန်အောင် ကူညီပေးတာကြောင့် ဒီတစ်ခါမှာတော့ စပ်စပ်လေးနဲ့ အရသာရှိတဲ့ သခွားသီးသနပ်သုပ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

• ဆားရေစိမ်ထားသော သခွားသီး ၃ လုံး
• ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
• ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း တစ်ဝက်
• သကြား စားပွဲတင်ဇွန်းတစ်ဇွန်း
• ငရုတ်သီး တစ်တောင့် (ပါးပါးလှီးထားပါ)


• နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဇွန်း
• ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း တစ်ဇွန်း
• လှော်ထားသော နှမ်းစေ့ လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ သခွားသီးများကို ပါးပါးလှီးထားပါ။

၂။ သခွားသီးများ ဆားဓာတ်ကြောင့် ငန်မသွားဖို့ရန်အတွက် ရေထဲမှာ ဆယ်မိနစ်ခန့် စိမ်ထားလိုက်ပါ။

၃။ ဆယ်မိနစ်ခန့်ပြည့်ပါက ရေများကို ဖယ်ရှားလိုက်ပြီး သခွားများကို လက်ဖြင့် အရည်ညှစ်လိုက်ပါ။

၄။ ထို့နောက် သခွားသီးများကို ပန်းကန်လုံးထဲထည့်လိုက်ပါ။ ငရုတ်သီးမှုန့်၊ သကြား၊ ငရုတ်သီးတောင့်၊ ကြက်သွန်ဖြူနှင့် နှမ်းဆီတို့ထည့်ပြီး သမအောင် နယ်ထားလိုက်ပါ။ ပြီးမှ ကြက်သွန်မြိတ်နှင့် နှမ်းစေ့တို့ကို ထည့်ဖြူးလိုက်ပါ။

ဒါဆိုရင်တော့ အရံဟင်းအဖြစ် စားသုံးနိုင်တဲ့ သခွားသီးသနပ်သုပ် စပ်စပ်လေးကို ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Koreanbapsang.com

(Zawgyi)

ထမင္းစားသံုးတဲ့အခါ အဓိကဟင္းလ်ာကလည္း အေရးႀကီးသလို အရံဟင္းလ်ာေတြရဲ႕အခန္းက႑ကိုလည္း ေမ့ထားလို႔မရပါဘူး။ အရံဟင္းမ်ားကလည္း ထမင္းစားၿမိန္ေအာင္ ကူညီေပးတာေၾကာင့္ ဒီတစ္ခါမွာေတာ့ စပ္စပ္ေလးနဲ႔ အရသာရွိတဲ့ သခြားသီးသနပ္သုပ္ ျပဳလုပ္နည္းေလးကို ေဝမွ်ေပးခ်င္ပါတယ္။

ပါဝင္ပစၥည္းမ်ား

  • ဆားေရစိမ္ထားေသာ သခြားသီး ၃ လံုး
  • ငရုတ္သီးမႈန္႔ စားပြဲတင္ဇြန္း တစ္ဇြန္းခြဲ
  • ပါးပါးလွီးထားေသာ ၾကက္သြန္ျဖဴ လက္ဖက္ရည္ဇြန္း တစ္ဝက္
  • သၾကား စားပြဲတင္ဇြန္းတစ္ဇြန္း
  • ငရုတ္သီး တစ္ေတာင့္ (ပါးပါးလွီးထားပါ)

  • ႏွမ္းဆီ စားပြဲတင္ဇြန္း တစ္ဇြန္း
  • ပါးပါးလွီးထားေသာ ၾကက္သြန္ၿမိတ္ စားပြဲတင္ဇြန္း တစ္ဇြန္း
  • ေလွာ္ထားေသာ ႏွမ္းေစ့ လက္ဖက္ရည္ဇြန္း တစ္ဇြန္း

ျပဳလုပ္နည္း အဆင့္ဆင့္

၁။ သခြားသီးမ်ားကို ပါးပါးလွီးထားပါ။

၂။ သခြားသီးမ်ား ဆားဓာတ္ေၾကာင့္ ငန္မသြားဖို႔ရန္အတြက္ ေရထဲမွာ ဆယ္မိနစ္ခန္႔ စိမ္ထားလိုက္ပါ။

၃။ ဆယ္မိနစ္ခန္႔ျပည့္ပါက ေရမ်ားကို ဖယ္ရွားလိုက္ၿပီး သခြားမ်ားကို လက္ျဖင့္ အရည္ညွစ္လိုက္ပါ။

၄။ ထို႔ေနာက္ သခြားသီးမ်ားကို ပန္းကန္လံုးထဲထည့္လိုက္ပါ။ ငရုတ္သီးမႈန္႔၊ သၾကား၊ ငရုတ္သီးေတာင့္၊ ၾကက္သြန္ျဖဴႏွင့္ ႏွမ္းဆီတို႔ထည့္ၿပီး သမေအာင္ နယ္ထားလိုက္ပါ။ ၿပီးမွ ၾကက္သြန္ၿမိတ္ႏွင့္ ႏွမ္းေစ့တို႔ကို ထည့္ျဖဴးလိုက္ပါ။

ဒါဆိုရင္ေတာ့ အရံဟင္းအျဖစ္ စားသံုးႏိုင္တဲ့ သခြားသီးသနပ္သုပ္ စပ္စပ္ေလးကို ထမင္းနဲ႔အတူတူ အရသာရွိရွိသံုးေဆာင္ႏိုင္ပါၿပီ။

Source: Koreanbapsang.com