ပါဝင်ပစ္စည်းများ
- သခွားသီး – ၁ လုံး (အစေ့ထုပ်ပြီးပါးပါးလှီးထားပါ)
- သရက်သီး – ၁ စိတ် (အမျှင် လေးတွေ ခြစ်ထားပါ)
- ငရုတ်သီးစိမ်း – ၇ တောင့် (မညက်တညက်ထောင်းထားပါ)
- နံနံပင် – ၅ ပင် (ခပ်ကြမ်းကြမ်းလှီးထားပါ)
- ကြက်သွန်နီ – ၁ လုံး (အခွံခွာပြီးပါးပါးလှီးထားပါ)
- ရှာလကာရည် – ၁ ဇွန်း လ္ဘက်ဇွန်း
- သကြား ၁ ဇွန်း လ္ဘက်ဇွန်း
- ငံပြာရည် – ၂ ဇွန်း လ္ဘက်ဇွန်း (ကြိုထားပါ)
- ခနောကြက်သားမှုန့် ၂ ဇွန်း လ္ဘက်ဇွန်း
- သီဟိုဠေ့စေ့ – ၁ ဇွန်း စားပွဲဇွန်း (မညက်တညက်ထောင်းထားပါ)
- သစ်ချသီးစေ့ – ၁ ဇွန်း စားပွဲဇွန်း(မညက်တညက်ထောင်းထားပါ)
- မြေပဲ – ၁ ဇွန်း စားပွဲဇွန်း(မညက်တညက်ထောင်းထားပါ)
- ဘန်ဒါစေ့ – ၁ ဇွန်း စားပွဲဇွန်း(မညက်တညက်ထောင်းထားပါ)
- ကြက်သွန်ဖြူကြော်ဆီချက် – ၁ ဇွန်း စားပွဲဇွန်း (အိမ်လုပ်)
- နှမ်းနက် – ၂ ဇွန်း စားပွဲဇွန်း
ပုလုပ်နည်း
- အသုပ်သုပ်ရန် ဖန်ဇလုံ အကြီးထဲကို လှီးထားသော အသီးအရွက် နှင့် အသီးများ အားလုံးထည့်ပါ။ ပြီးမှ အစေ့အဆန့်မှုန့်များဖြူးပါ။ ဆော့စ်ထည့်ပြီး လက်နှင့် နှံ့အောင် ဖွဖွလေး နယ်ပါ။ နှယ်လို့ နှံ့လျှင် ဆားမြည်းပါ။ ခနောကြက်သားမှုန့် နှင့် တခြားလိုတာထပ်ဖြည့်နိုင်ပါတယ်။ နှမ်းဖြူးပြီး ချက်ချင်း လတ်လတ်ဆတ်ဆတ် စားသုံးလျှင် ပိုကောင်းပါတယ်။
Knorr