မင်္ဂလာပါရှင့်…. သက်သက်လွတ်စားနေရတဲ့ မနက်ခင်းလေးမှာ ကော်ဖီလေးရယ် Sandwich လေးရယ် တွဲစားချင်ပေမယ့် အသားပါနေလို့  မစားဖြစ်ဘူးဆိုတဲ့လူတွေအတွက် သက်သက်လွတ်စားလို့ရတဲ့ သခွားသီး Sandwich လေး ကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

  • Cream Cheese ၂ အောင်စ
  • အဆီနည်းဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • လတ်ဆတ်တဲ့ ငရုတ်သီးစိမ်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဇီယာစေ့ 1 ဇွန်း
  • ငရုတ်ကောင်း လက်ဖက်ရည်ဇွန်း ¼ ဇွန်း
  • ဂျုံလုံးအသားညှပ်ပေါင်မုန့် ၂ ချပ်
  • ပါးပါးလှီးထားတဲ့သခွားသီး

 

ချက်ပြုတ်နည်းအဆင့်ဆင့်

  • ခရင်မ်ချိစ်၊ ဒိန်ချဉ်၊ ငရုတ်ကောင်း၊ ဇီယာစေ့နှင့် ငရုတ်ကောင်းတို့ကို ပန်းကန်သေးသေးတစ်လုံးထဲတွင် ရောမွှေလိုက်ပါ။
  • ရောထားတဲ့ အရောအနှောကို ပေါင်မုန့် တစ်ဖက်စီမှာ သုတ်ပေးပါ။ ပေါင်မုန့်တစ်ချပ်ပေါ်မှာ လှီးထားတဲ့သခွားသီးလေးတွေတင်ပြီး အပေါ်က Cream Cheese ထပ်ထည့်ပြီးရင် ကျန်တဲ့ပေါင်မုန့်တစ်ချပ်ကို အုပ်လိုက်ပါ။
  • ပြီးရင်တော့ ကန့်လန့်အတိုင်းလှီးပြီး သုံးဆောင်လို့ရပါပြီ။