ပါဝင်ပစ္စည်းများ

  • သခွားသီး – ၁ လုံး (အစေ့ထုပ်ပြီးပါးပါးလှီးထားပါ)
  • သရက်သီး – ၁ စိတ် (အမျှင် လေးတွေ ခြစ်ထားပါ)
  • ငရုတ်သီးစိမ်း – ၇ တောင့် (မညက်တညက်ထောင်းထားပါ)
  • နံနံပင် – ၅ ပင် (ခပ်ကြမ်းကြမ်းလှီးထားပါ)
  • ကြက်သွန်နီ – ၁ လုံး (အခွံခွာပြီးပါးပါးလှီးထားပါ)
  • ရှာလကာရည် – ၁ ဇွန်း လ္ဘက်ဇွန်း
  • သကြား ၁ ဇွန်း လ္ဘက်ဇွန်း
  • ငံပြာရည် – ၂ ဇွန်း လ္ဘက်ဇွန်း (ကြိုထားပါ)
  • ခနောကြက်သားမှုန့် ၂ ဇွန်း လ္ဘက်ဇွန်း
  • သီဟိုဠေ့စေ့ – ၁ ဇွန်း စားပွဲဇွန်း (မညက်တညက်ထောင်းထားပါ)
  • သစ်ချသီးစေ့ – ၁ ဇွန်း စားပွဲဇွန်း(မညက်တညက်ထောင်းထားပါ)
  • မြေပဲ – ၁ ဇွန်း စားပွဲဇွန်း(မညက်တညက်ထောင်းထားပါ)
  • ဘန်ဒါစေ့ – ၁ ဇွန်း စားပွဲဇွန်း(မညက်တညက်ထောင်းထားပါ)
  • ကြက်သွန်ဖြူကြော်ဆီချက် – ၁ ဇွန်း စားပွဲဇွန်း (အိမ်လုပ်)
  • နှမ်းနက် – ၂ ဇွန်း စားပွဲဇွန်း

ပုလုပ်နည်း

  1. အသုပ်သုပ်ရန် ဖန်ဇလုံ အကြီးထဲကို လှီးထားသော အသီးအရွက် နှင့် အသီးများ အားလုံးထည့်ပါ။ ပြီးမှ အစေ့အဆန့်မှုန့်များဖြူးပါ။ ဆော့စ်ထည့်ပြီး လက်နှင့် နှံ့အောင် ဖွဖွလေး နယ်ပါ။ နှယ်လို့ နှံ့လျှင် ဆားမြည်းပါ။ ခနောကြက်သားမှုန့် နှင့် တခြားလိုတာထပ်ဖြည့်နိုင်ပါတယ်။ နှမ်းဖြူးပြီး ချက်ချင်း လတ်လတ်ဆတ်ဆတ် စားသုံးလျှင် ပိုကောင်းပါတယ်။

Knorr