အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အမဲသားဟင်း ကြိုက်နှစ်သက်သူများအတွက် အမဲသား အစပ်ကြော်ဟင်းလျာ ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- အမဲသား ၆၀၀ ဂရမ်
- သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
- ကြက်သွန်နီ ၂ ဥ (ပါးပါးလှီးထားပါ)
- ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
- ကြက်သွန်ဖြူ ၃ မြွှာ (ဓားပြားရိုက်ထားပါ)
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ဇီရာမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ရေနွေးနွေး စားပွဲတင်ဇွန်း ၁၂ ဇွန်း
- ဆား အနည်းငယ်
- ခရမ်းချဉ်သီး ၁ လုံး (ပါးပါးလှီးထားပါ)
- ငရုတ်သီးစိမ်း ၅ တောင့်
- မဆလာ လက်ဖက်ရည်ဇွန်း တစ်ဝက်
- နံနံပင် စားပွဲတင်ဇွန်း ၄ ဇွန်း
- အလှဆင်ရန်အတွက် ခရမ်းချဉ်သီး ၂ လုံး (အကွင်းလိုက် လှီးဖြတ်ထားပါ)
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူတို့ထည့်ကာ ၅ မိနစ်ခန့် ဆီသတ်ပါ။
၂။ မီးအပူချိန်ကို အနိမ့်ဆုံးသို့ လျော့ချပြီးတဲ့နောက်မှာတော့ နနွင်းမှုန့်၊ ဇီရာမှုန့်၊ ငရုတ်သီးမှုန့်တို့ထည့်ကာ ၃ မိနစ်ခန့် မွှေပေးလိုက်ပါ။
၃။ ထို့နောက် အမဲသားထည့်ကာ ၅ မိနစ်ခန့် မကြာခဏမွှေပေးရပါမယ်။
၄။ ထို့နောက် အိုးအဖုံးပိတ်ကာ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် အရည်များ ခမ်းသွားသည်အထိ တည်ပေးရပါမယ်။
၅။ ထို့နောက် မီးအပူချန် ထပ်မြင့်ကာ အမဲသားကို ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပါ။ တစ်ဖန် မီးအပူချိန် ထပ်လျော့ပြီးနောက် ၇ မိနစ်ခန့် အမဲသားများ ခြောက်ခြောက်လေး ဖြစ်သွားသည်အထိ ကြော်ပေးလိုက်ပါ။
၆။ နောက်တစ်ဆင့်အနေနဲ့ ရေနွေးနွေးနှင့် ဆားတို့ထည့်ကာ ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ပါ။ (လိုအပ်ပါက ရေ ထပ်ထည့်နိုင်ပါတယ်)
၇။ ထို့နောက် ခရမ်းချဉ်သီးနှင့် ငရုတ်သီးစိမ်းတောင့်များထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။
၈။ မဆလာနှင့် နံနံပင်တို့ မွှေထည့်ကာ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။
ရရှိလာတဲ့ အမဲသား အစပ်ကြော်ကို ပန်းကန်ပြားထဲ ထည့်ပြီးတဲ့နောက်မှာတော့ ခရမ်းချဉ်သီးလေးဖြင့် အလှဆင်ထားလိုက်ပါ။
ဒါဆိုရင်တော့ လျှာလည်သွားစေမယ့် အမဲသား အစပ်ကြော်လေး ရရှိသွားပါပြီ။
Source: Myfavouritepastime.com