အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အမဲသားဟင်း ကြိုက်နှစ်သက်သူများအတွက် အမဲသား အစပ်ကြော်ဟင်းလျာ ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၆၀၀ ဂရမ်
  • သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
  • ကြက်သွန်နီ ၂ ဥ (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၃ မြွှာ (ဓားပြားရိုက်ထားပါ)

  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ဇီရာမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေနွေးနွေး စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ဆား အနည်းငယ်
  • ခရမ်းချဉ်သီး ၁ လုံး (ပါးပါးလှီးထားပါ)

  • ငရုတ်သီးစိမ်း ၅ တောင့်
  • မဆလာ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နံနံပင် စားပွဲတင်ဇွန်း ၄ ဇွန်း
  • အလှဆင်ရန်အတွက် ခရမ်းချဉ်သီး ၂ လုံး (အကွင်းလိုက် လှီးဖြတ်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူတို့ထည့်ကာ ၅ မိနစ်ခန့် ဆီသတ်ပါ။

၂။ မီးအပူချိန်ကို အနိမ့်ဆုံးသို့ လျော့ချပြီးတဲ့နောက်မှာတော့ နနွင်းမှုန့်၊ ဇီရာမှုန့်၊ ငရုတ်သီးမှုန့်တို့ထည့်ကာ ၃ မိနစ်ခန့် မွှေပေးလိုက်ပါ။

၃။ ထို့နောက် အမဲသားထည့်ကာ ၅ မိနစ်ခန့် မကြာခဏမွှေပေးရပါမယ်။

၄။ ထို့နောက် အိုးအဖုံးပိတ်ကာ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် အရည်များ ခမ်းသွားသည်အထိ တည်ပေးရပါမယ်။

၅။ ထို့နောက် မီးအပူချန် ထပ်မြင့်ကာ အမဲသားကို ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပါ။ တစ်ဖန် မီးအပူချိန် ထပ်လျော့ပြီးနောက် ၇ မိနစ်ခန့် အမဲသားများ ခြောက်ခြောက်လေး ဖြစ်သွားသည်အထိ ကြော်ပေးလိုက်ပါ။

၆။ နောက်တစ်ဆင့်အနေနဲ့ ရေနွေးနွေးနှင့် ဆားတို့ထည့်ကာ ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ပါ။ (လိုအပ်ပါက ရေ ထပ်ထည့်နိုင်ပါတယ်)

၇။ ထို့နောက် ခရမ်းချဉ်သီးနှင့် ငရုတ်သီးစိမ်းတောင့်များထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၈။ မဆလာနှင့် နံနံပင်တို့ မွှေထည့်ကာ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ရရှိလာတဲ့ အမဲသား အစပ်ကြော်ကို ပန်းကန်ပြားထဲ ထည့်ပြီးတဲ့နောက်မှာတော့ ခရမ်းချဉ်သီးလေးဖြင့် အလှဆင်ထားလိုက်ပါ။

ဒါဆိုရင်တော့ လျှာလည်သွားစေမယ့် အမဲသား အစပ်ကြော်လေး ရရှိသွားပါပြီ။

Source: Myfavouritepastime.com