ငရုတ်ပွထဲမှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဗီတာမင်အေနှင့် ဗီတာမင် စီ၊ ပိုတက်စီယမ်၊ အမျှင်ဓာတ်၊ ဖောလိတ်ဓာတ်နှင့် သံဓာတ်တို့ အချိုးအစားမျှတစွာ ပါဝင်ပြီး အမဲသားထဲမှာတော့ ကြွက်သားများ ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်များ အဓိက ပါဝင်ပါတယ်။ ဒါတင်မကသေးပါဘူး အမဲသား စားသုံးခြင်းက သံဓာတ်ချို့တဲ့ခြင်း၊ သွေးအားနည်းခြင်းတို့မှ ကာကွယ်ပေးပါတယ်။

ထိုကဲ့သို့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာနှစ်မျိုးကို အရသာရှိအောင် ဘယ်လိုပြင်ဆင်ချက်ပြုတ်မလဲဆိုတာကို MyFood Myanmar ရဲ့အစားအသောက်ချစ်သူများအတွက် ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေ စားပွဲတင်ဇွန်း ၁၁ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

အသားနှပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ညှက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ ၃ မြွှာ

အခြားသော ပါဝင်ပစ္စည်းများ

  • အမဲသား ၅၀၀ ဂရမ်
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ပွအစိမ်း ပန်းကန်လုံး ၁ လုံးစာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၁ ဥ (အတုံးကြီးကြီး တုံးထားပါ)
  • ကြက်သွန်မြိတ် ၆ ပင် (လက်မဝက်အရှည်ခန့် လှီးဖြတ်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဆော့စ် ပြုလုပ်ရန်အတွက် ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ဆော့စ်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများအားလုံးကို သမအောင် ရောမွှေလိုက်ပါ။

၂။ အမဲသားနှပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများအားလုံးကို ပန်းကန်လုံးထဲထည့်ကာ သမအောင် မွှေပါ။ အမဲသားကို နုပ်နုပ်စဉ်းပြီးနောက်မှာတော့ ထိုပန်းကန်လုံးထဲထည့်ကာ သမအောင် ရောနယ်လိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ ထည့်ပါ။ ဆီပူလာပါက ငရုတ်ပွ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်တိုပထည့်ကာ မီးပြင်းပြင်းဖြင့် ၂ မိနစ်ခန့် ကြော်လိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲသို့ ပြောင်းထည့်ထားပါ။

၄။ ထို့နောက် နှပ်ထားသော အမဲသားများကို ထိုဒယ်အိုးထဲသို့ ထည့်ကာ မီးပြင်းပြင်းဖြင့် ၁၀ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။ ပြီးရင်တော့ ပန်းကန်ထဲသို့ ဆယ်ထည့်ထားပါ။

၅။ ထို့နောက် အဆင့် (၁) က ပြုလုပ်ထားသော ဆော့စ်များ လောင်းထည့်လိုက်ပါ။ အမဲသားနှင့် ငရုတ်ပွကြော်များထည့်ကာ ၁ မိနစ်မှ ၃ မိနစ်ခန့် ဆော့စ်များ ပျစ်သွားသည်အထိ ကြော်ပေးရပါမယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ ငရုတ်ပွ အမဲသားစဉ်းကောရောကြော် အစပ်ချက်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Myfavouritepastime.com