ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာလည်း ဟင်းသီးဟင်းရွက်စုံစုံလင်လင်နဲ့ အလွယ်တကူလုပ်စားလို့ရတဲ့ ဟင်းရွက်စုံ ကြက်သားကင် ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁ ပေါင် (ကြက်ရင်အုံသား သို့မဟုတ် ကြက်ပေါင်သား)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်ဖြူ ၁၀ မြွှာ (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်နှစ် စားပွဲတင်ဇွန်း ၄ ဇွန်း

  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၅ ဇွန်း
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဂေါ်ဖီထုပ် ၁ ပေါင်ခန့် (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)

  • ကန်စွန်းဥ ၁ လုံး (အခွံခွာပြီး အနေတော်အတုံး တုံးထားပါ)
  • မုန်လာဥနီ ၁ လုံး (ပါးပါးလှီးထားပါ)
  • ငရုတ်သီးတောင့်အရှည် ၂ တောင့် (ပါးပါးလှီးထားပါ)
  • Perilla အရွက် ၁၂ ရွက်ခန့်
  • ထော့ပိုကီ ဆန်မုန့်ချောင်း (မထည့်လည်း ရပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားတုံးများကို အနေတော်အတုံး တုံးထားပြီးနောက် ဇလုံထဲထည့်ကာ ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် နယ်ပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်နှစ်၊ ငရုတ်သီးမှုန့်၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ဟင်းချက်ဝိုင်တို့ကို သမအောင် ရောမွှေလိုက်ပါ။

၃။ ထို့နောက် ဒယ်အိုးတစ်လုံးထဲတွင် ဂေါ်ဖီထုပ်များ အစီအရီ တင်လိုက်ပါ။ ကြက်သွန်နီ၊ ငရုတ်သီး၊ မုန်လာဥနီနှင့် ကန်စွန်းဥတို့ ထည့်ပါ။ (ထော့ပိုကီ အသုံးပြုပါက တစ်ပါတည်း ရောထည့်လိုက်ပါ)

ထိုဟင်းရွက်များအပေါ်တွင် Perilla အရွက်များ တင်လိုက်ပါ။ ထိုအရွက်ရဲ့အလယ်တည့်တည့်တွင် ကြက်သားများ ထည့်ပါ။ ကြက်သားပေါ်တွင် ဆော့စ်များ လောင်းထည့်လိုက်ပါ။

၄။ ထို့နောက် ဒယ်အိုး အဖုံးအုပ်ပြီး ၂ မိနစ်၊ ၃ မိနစ်ခန့် အပူပေးပါ။ သတ်မှတ်ချိန်ပြည့်ပါက ယောင်းမဖြင့် အားလုံး သမသွားအောင် ရောမွှေလိုက်ပါ။

၅။ တစ်ဖန် မီးအပူချိန်ကို အလယ်အလတ်အပူချိန်သို့ လျော့ချလိုက်ပြီး အိုးအဖုံးအုပ်ကာ နောက်ထပ် မိနစ် ၂၀ ခန့် တည်ပါ။ အိုးမတူးဖို့ရန်အတွက် မကြာခဏ မွှေပေးပါ။

၆။ သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဟင်းရွက်စုံ ကြက်သားကင်အစပ်လေး ရရှိသွားပါပြီ။

Source: Maangchi.com