အားလုံးပဲ မင်္ဂလာပါ။ စွပ်ပြုတ်ဟင်းရည် ပူပူစပ်စပ်လေး သောက်ချင်သူများအတွက် ဒီတစ်ခါမှာတော့ ကိုရီးယားအစားအစာတစ်မျိုးဖြစ်တဲ့ ကင်ချီ ကြက်သားစွပ်ပြုတ် ပူပူစပ်စပ်လေး ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်ပေါင် (သို့) ကြက်ရင်အုံသား ၆ တုံးနှင့် ကြက်ပြုတ်ရည် ၁ လီတာခွဲ
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)
  • နုပ်နုပ်စဉ်းထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း

  • မုန်လာဥနီ ၂ လုံး (အနေတော်အတုံး တုံးထားပါ)
  • ကင်ချီ ၅၀၀ ဂရမ်
  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲပြား (သို့) တို့ဟူး ၃၀၀ ဂရမ်
  • ကြက်သွန်မြိတ် အနည်းငယ်နှင့် ဆား အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ ထည့်ပါ။ ကြက်သားတုံးများကို ဆားဖြင့် သမအောင် နယ်ပြီးနောက် ဆီပူထဲတွင် ၃ မိနစ်ခန့်ကြော်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၃ မိနစ်ခန့် ဆက်ကြော်ပါ။

ထို့နောက် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ကာ ၂ မိနစ်ခန့် မွှေပေးလိုက်ပါ။

၂။ နောက်တစ်ဆင့်အနေနဲ့ မုန်လာဥနီ၊ ကြက်ပြုတ်ရည်၊ ကင်ချီ၊ ငရုတ်နှစ်၊ ပဲငံပြာရည်တို့ထည့်ကာ အိုးအဖုံး အုပ်ထားပါ။ ထို့နောက် မီးအေးအေးဖြင့် မိနစ် ၃၀ ခန့် တည်ထားလိုက်ပါ။

၃။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အရသာအပေါ့အငန် မြည်းကြည့်လိုက်ပါ။

ထို့နောက် ကြက်သားတုံးများကို ဆယ်ယူပြီးနောက် ခက်ရင်းနှင့် ဓား အသုံးပြုပြီး ခပ်ပါးပါးလှီးလိုက်ပါ။ ပြီးမှ အိုးထဲ ပြန်ထည့်လိုက်ပါ။

၄။ ထို့နောက် အနေတော်လှီးဖြတ်ထားသော ပဲပြား (သို့) တို့ဟူးများထည့်ကာ ၂ မိနစ်ခန် ဆက်တည်ထားလိုက်ပါ။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကြက်သားစွပ်ပြုတ် ဟင်းရည်စပ်စပ်လေး ရရှိသွားပါပြီ။

ထမင်းစားခါနီးကျမှ ပန်းကန်လုံးလေးထဲထည့်ကာ ကြက်သွတ်မြိတ်လေး ဖြူးထည့်လိုက်ပါ။

Source: Marionskitchen.com