ကိုရီးယားအစားအစာများကို ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ကိုရီးယားအရံဟင်းလျာတစ်မျိုးဖြစ်တဲ့ သခွားသီးအစပ်သုပ် ချက်ပြုတ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သခွားသီး ၁၀ လုံး (လက်မဝက်အထူ လှီးဖြတ်ထားပါ)
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ သခွားသီးများကို ပန်းကန်လုံးအကြီးတစ်လုံးထဲထည့်ပြီးနောက် ဆား၊ ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ဖြင့်၃ သမအောင် ရောနယ်ထားလိုက်ပါ။

၂။ ထို့နောက် မိနစ် ၃၀ ခန့် နှပ်ထားလိုက်ပါ။

၃။ ထိုကဲ့သို့ နှပ်ထားချိန်မှာ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ဆန်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ငရုတ်သီးမှုန့်၊ သကြား၊ ကြက်သွန်ဖြူ၊ နှမ်းစေ့နှင့် နှမ်းဆီတို့ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

၄။ မိနစ် ၃၀ ပြည့်တဲ့အခါမှာတော့ သခွားသီးကို ရေဖြင့် ၂ ကြိမ်ခန့် စင်ကြယ်အောင် ဆေးလိုက်ပါ။

၅။ ဆေးပြီးပါက သခွားသီးကို အရသာမြည်းကြည့်လိုက်ပါ။ ငန်နေသေးတယ်ဆိုရင်တော့ ရေဖြင့် ထပ်မံဆေးကြောလိုက်ပါ။

၆။ ထို့နောက် သခွားသီးများကို အဆင့် (၃) က ပြုလုပ်ထားသော ဆန်ဝိုင်အရောအနှောဖြင့် သမအောင် နယ်ပေးလိုက်ပါ။

ထိုအဆင့်များအားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ သခွားသီးသုပ်များ ရရှိသွားပါပြီ။

Source: Drivemehungry.com