အသုပ်စပ်စပ်လေးကိုမှ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ရှူးရှူးရှဲရှဲနဲ့ လျှာလည်သွားစေမယ့် မုန်လာဥသုပ် အရံဟင်း ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကိုရီးယားမုန်လာဥ အလုံးကြီး ၁ လုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၃ ပုံ ၂ ပုံ
  • ဆန်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ

  • ငါးငံပြာရည် (သို့) ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မုန်လာဥကို ရေစင်အောင် ဆေးကြောပြီးနောက်မှာ အခွံများကို ပြောင်နေအောင် ခြစ်ထားလိုက်ပါ။

၂။ ရေဆေးပြီး အခွံခွာထားသော မုန်လာဥကို အချောင်းလိုက် ပါးပါးလှီးဖြတ်ထားပါ။

၃။ ထို့နောက် ပန်းကန်လုံးထဲထည့်ပါ။ ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၃ ပုံ ၂ ပုံ၊ ဆန်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ၊ ငါးငံပြာရည် (သို့) ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ။ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲနှင့် နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ ပေါင်းထည့်ကာ သမအောင် နယ်လိုက်ပါ။

၄။ အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက်မှာတော့ လိုအပ်ပါက ဆား (သို့) သကြား အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ မုန်လာဥ အစပ်သုပ် အရံဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Drivemehungry.com