မင်္ဂလာပါ။ နေ့ခင်းနေ့လည် သရေစာအနေနဲ့ တစ်ခုခုစားချင်ပေမယ့်လည်း မိုးရွာလို့၊ နေပူလို့ အကြောင်းအမျိုးမျိုးကြောင့် အပြင်မထွက်ချင်တဲ့အခါ အလွယ်တကူလုပ်စားနိုင်မယ့် ရှောက်သီးသုပ်လေးကို ဖော်ပြပေးချင်ပါတယ်။ အစပ်ကြိုက်သူတွေအတွက် ရခိုင်သုပ်နည်းဖြစ်လို့ အကောင်းဆုံးဖြစ်နေမှာတော့ အသေအချာပါပဲနော်။
ပါဝင်ပစ္စည်းများ
ရှောက်သီး
ငရုတ်သီးခြောက်
စိမ်းစားငပိ
ဆား
အချိုမှုန့် (သို့) သကြား
ငရုတ်ကောင်း
ကန်စွန်းရွက်
ပြင်ဆင်ပြုလုပ်နည်း
ရှောက်သီးကို သေချာအခွံခွါပြီး အထဲက အမွှာလေးများကို ထုတ်၍ ရေထဲ စိမ်ပေးထားပါ ။
ငရုတ်သီးခြောက် ၊ စိမ်းစားငပိကို ညက်အောင် သေချာထောင်းပါ ။ ဝမ်းလျှောဝမ်းနာမဖြစ်အောင် ငရုတ်ကောင်းထည့်ပေးပါ ။
ရှောက်သီးရဲ့ အချဉ်ဓါတ်ကိုထိမ်းအောင် ကန်စွန်းရွက် ပါးပါးလှီးထည့်ပေးရမှာပါ ။ ပြီးရင်တော့ အချို ၊ အငန် လိုသလောက် ထည့်ပြီး အကုန် ရောနယ်ပေးရုံပါပဲ ။ ဒါဆိုရင်တော့ ချဉ်ချဉ်စပ်စပ် အရသာနဲ့ ရခိုင်ရှောက်သီးသုပ်ရပါပြီ ။
(ပုဇွန်ခြောက်မှုန့် နှင့် ကြက်သွန်နီ ပါးပါးလှီးပြီးသာကို ကြိုက်နှစ်သက်ပါက ထည့်နိုင်ပါသည်)
Credit: အစားအစာကမ္ဘာ