ပဲပြားကြော်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ငရုတ်ပွတို့ အဓိကပါဝင်တဲ့ ပဲပြား ပန်းဂေါ်ဖီစိမ်း အစပ်ကြော် ပြုလုပ်နည်းကို MyFood Myanmar ရဲ့ အစားအသောက်ချစ်သူတွေအတွက် အခုပဲ ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲပြား ၂ တုံး
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံလွင်ဆီနှင့် ဆား
  • ပန်းဂေါ်ဖီစိမ်း ၁ ပွင့် (အနေတော်အတုံး လှီးဖြတ်ထားပါ)
  • ငရုတ်ပွအနီ ၂ တောင့် (အလျားလိုက် ပါးပါးလှီးထားပါ)

  • ထမင်း အနည်းငယ်

မြေပဲဆော့စ်ပြုလုပ်ရန် လိုအပ်သောပါဝင်ပစ္စည်းများ

  • မြေပဲထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း

  • သကြား (သို့) ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဂျင်းနှင့် ကြက်သွန်ဖြူ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပဲပြားကို စတုရန်းငယ်အတုံး လှီးဖြတ်ထားပါ။ လင်ဗန်းတစ်ခုပေါ်တွင် ပန်းဂေါ်ဖီစိမ်းများ ဖြန့်တင်ထားပြီး ဆားနှင့် ဆီများ ဖြူးထားလိုက်ပါ။ အခြားလင်ဗန်းတစ်ခုပေါ်တွင် ပါးပါးလှီးထားသော ငရုတ်ပွများ တင်ထားကာ သံလွင်ဆီနှင့် ဆားတို့ ဖြူးထားလိုက်ပါ။

ထို့နောက် ထိုလင်ဗန်းနှစ်ခုကို ၄၂၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားသော Oven ထဲတွင် မိနစ် ၂၀၊ မိနစ် ၃၀ ခန့် ထည့်ထားလိုက်ပါ။

၂။ ပဲပြားတုံးများကို ပြောင်းမှုန့်ဖြင့် သမအောင် နယ်ထားပြီးနောက် လင်ဗန်းပေါ်တင်ကာ သံလွင်ဆီ၊ ဆားတို့ဖြူးပေးလိုကပါ။ ထို့နောက် Oven ထဲတွင် မိနစ် ၂၀၊ မိနစ် ၃၀ ခန့် ထည့်ထားလိုက်ပါ။

၃။ ပန်းကန်လုံးတစ်လုံးထဲတွင် မြေပဲဆော့စ်ပြုလုပ်ရန်လိုအပ်သောပါဝင်ပစ္စည်းများအားလုံးကို သမအောင် ရောမွှေထားလိုက်ပါ။

၄။ သတ်မှတ်ထားသောအချိန်ပြည့်သွားပါက ပန်းကန်လုံးထဲတွင် ထမင်းထည့်ပြီးနောက် ပဲပြားအနည်းငယ်၊ ပန်းဂေါ်ဖီအနည်းငယ်နှင့် ငရုတ်ပွအနည်းငယ်တို့ကို ထမင်းပေါ်တွင် ပုံထည့်ထားလိုက်ပါ။ ထို့နောက် မြေပဲဆော့စ်အနည်းငယ်ကို ထိုအစားအစာပေါ်တွင် ဆမ်းထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပဲပြား ပန်းဂေါ်ဖီအစပ်ကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Pinchofyum.com