ပါဝင်ပစ္စည်းများ
- ကျွဲကောသီး – ၁ လုံး (အသားများ နွှာထားပါ)
- ကြက်သွန်နီ – ၂ လုံး(ပါးပါး လှီးထားပါ)
- မြေပဲလှော် – ၂ ဇွန်း ခွဲ – စားပွဲဇွန်း (မညက်တညက်ထောင်းထားပါ)
- သီဟိုဠေ့စေ့ – ၂ ဇွန်း- စားပွဲဇွန်း (မညက်တညက်ထောင်းထားပါ)
- စပါးလင်နုနု – ၁ ချောင်း (ပါးပါးလှီးထားပါ)
ပြုလုပ်နည်း
- အဖုံးလုံ ဖန်ပုလင်းထဲ ဆော့စ်လုပ်ရန်ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး အဖုံးလုံအောင် ပိတ်ပြီး နာနာခလောက်ပေးပါ။ ရေခဲသေတ္တာထဲမှာ ထားပါ။ သုံးခါနည်းမှ ထုပ်ပါ။
- အသုပ်သုပ်ရန် ဖန်ဇလုံ အကြီးထဲကို နွှာထားသော ကျွဲကောသီး နှင့် ပါဝင် ပစ္စည်းများ အားလုံး ထည့် ပြီးမှ ဆော့စ်ထည့်ပြီး လက်နှင့် နှံ့အောင် ဖွဖွလေး နယ်ပါ။ နယ်လို့နှံ့လျှင် ဆားမြည်းပါ။ ခနောကြက်သားမှုန့် နှင့် တခြားလိုတာထပ်ဖြည့်နိုင်ပါတယ်။ ချက်ချင်း လတ်လတ်ဆတ်ဆတ် စားသုံးလျှင် ပိုကောင်းပါတယ်။
ဆော့စ်လုပ်ရန် (Dressing)
- ငံပြာရည် တစ်ဝက် ဇွန်း – စားပွဲဇွန်း (ကြိုပြီးသား)
- ငရုတ်သီးစိမ်းအပုတောင့် ၅ တောင့် (နုပ်နုပ်စဉ်းထားပါ)
- သံပုရာရည် ၃ ဇွန်း- လ္ဘက်ဇွန်း
- နံနံပင် ၅ ပင် (ခပ်ကြမ်းကြမ်းလေးလှီးထားပါ)
- ခနောကြက်သားမှုန့် ၂ ဇွန်း – လ္ဘက်ဇွန်းKnorr