အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ဝက်သားစဉ်းကော မျှစ်မွှေကြော်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၁၅၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • မျှစ် ၂၀၀ ဂရမ်
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • ငရုတ်သီး အနီတောင့် ၃ တောင့် (ပါးပါးလှီးထားပါ)
  • ငရုတ်ပွ အနီ ၁ လုံး (ပါးပါးလှိးထားပါ)

Source: Vickypham.com

  • ငရုတ်ကောင်းစေ့ ၁၀ စေ့
  • တရုတ်နံနံ ၂ ပင် (ပါးပါးလှီးထားပါ)
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲနှင့် ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • သကြား စားပွဲတင်ဇွန်း တစ်ဝက်
  • ပင်စိမ်းရွက် လက်တစ်ဆုပ်စာခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ တရုတ်နံနံ၊ ငရုတ်သီး အနီတောင့်၊ ငရုတ်ကောင်းစေ့၊ ကြက်သွန်ဖြူတို့ကို ငရုတ်ဆုံထဲထည့်ကာ ညှက်နေအောင် ထောင်းလိုက်ပါ။

၂။ ဒယ်အိုးထဲသို့ ရေအနည်းငယ် ထည့်ပြီး ပွက်ပွက်ဆူအောင် တည်လိုက်ပါ။ ပွက်ပွက်ဆူလာပါက မျှစ်များထည့်ကာ ၂ မိနစ်ခန့် ပြုတ်ပါ။ ထို့နောက် ပန်းကန်ပြားထဲ ဆယ်ထည့်ထားပါ။

၃။ တစ်ဖန် ဒယ်အိုးထဲမှ ရေများကို ဖယ်ရှားပြီးနောက် ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ငရုတ်သီးထောင်းများထည့်ကာ စက္ကန့် ၃၀ ခန့် ဆီသတ်ပါ။ ထို့နောက် ဝက်သားစဉ်းကော၊ ငရုတ်ပွ၊ မျှစ်၊ ငါးငံပြာရည်၊ ပဲငံပြာရည်နှင့် သကြားတို့ထည့်ကာ ၄ မိနစ်ခန့် (သို့) ဝက်သားများ ကျက်သွားသည်အထိ မွှေကြော်လိုက်ပါ။

၄။ အားလုံး ကျက်သွားပြီဆိုရင်တော့ မီးပိတ်လိုက်ပါ။ ပင်စိမ်းရွက် အုပ်ပြီး နောက်ဆုံးတစ်ကြိမ်ခန့် မွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ဝက်သားစဉ်းကော မျှစ်မွှေကြော်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Siamsizzles.com