အားလုံးပဲ မင်္ဂလာပါ။ ဝက်သားဟင်း ကြိုက်နှစ်သက်သူများအတွက် ပဲတောင့်ရှည်၊ ငရုတ်ပွတို့နဲ့ ရောချက်ထားပြီး ငရုတ်သီးထောင်း၊ ငရုတ်သီးတောင့်တို့နဲ့ စပ်စပ်လေး ချက်ထားတဲ့ ဝက်သုံးထပ်သားအစပ်ဟင်း ပြင်ဆင်ပြုုလပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဝက်သား သုံးထပ်သား ၂၅၀ ဂရမ် (အနေတော်အတုံး လှီးဖြတ်ထားပါ)
- ပဲတောင့်ရှည် ပန်းကန်လုံး ၁ လုံးစာ (၁ လက်မအရှည် လှီးဖြတ်ထားပါ)
- ငရုတ်ပွအနီနှင့် အဝါ စားပွဲတင်ဇွန်း ၄ ဇွန်းစီ (အချောင်းလိုက် ပါးပါးလှီးထားပါ)
- ညှက်နေအောင် ထောင်းထားသော ငရုတ်သီး စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
- ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
- ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)
- သကြား စားပွဲတင်ဇွန်း တစ်ဝက်
- ငရုတ်သီးတောင့် ၂ တောင့် (ပါးပါးလှီးထားပါ)
- ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးကို အပူပေးပြီးနောက် ဝက်သားတုံးများထည့်ကာ အညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။
ဝက်သားကို ကြွပ်ကြွပ်ရွရွလေး စားချင်တယ်ဆိုရင်တော့ အချိန်ကြာကြာ ကြော်ပေးရပါမယ်။
၂။ ထို့နောက် ငရုတ်သိးထောင်း၊ ငါးငံပြာရည်၊ သကြား၊ ကြက်သွန်ဖြူ၊ ငရုတ်သီးတို့ထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပါ။
၃။ ထို့နောက် ပဲတောင့်ရှည်၊ ငရုတ်ပွအနီနှင့် အဝါတို့ထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပါ။
၄။ နောက်ဆုံးကျမှ ငရုတ်ကောင်းမှုန့်လေးထည့်ကာ ၁ မိနစ်၊ ၂ မိနစ် (သို့) ဟင်းသီးဟင်းရွက်များ နူးသွားသည်အထိ ကြော်ပေးရပါမယ်။
ထိုအဆင့် ၄ ဆင့်စလုံး ပြီးသွားတဲ့အခါမှာတော့ ထမင်းပူပူလေးနဲ့ တွဲဖက်စားသုံးနိုင်တဲ့ ဝက်သုံးထပ်သား အစပ်ဟင်းလျာလေး ရရှိသွားပါပြီ။
Source: Siamsizzles.com