အားလုံးပဲ မင်္ဂလာပါ။ ဝက်သားဟင်း ကြိုက်နှစ်သက်သူများအတွက် ပဲတောင့်ရှည်၊ ငရုတ်ပွတို့နဲ့ ရောချက်ထားပြီး ငရုတ်သီးထောင်း၊ ငရုတ်သီးတောင့်တို့နဲ့ စပ်စပ်လေး ချက်ထားတဲ့ ဝက်သုံးထပ်သားအစပ်ဟင်း ပြင်ဆင်ပြုုလပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား သုံးထပ်သား ၂၅၀ ဂရမ် (အနေတော်အတုံး လှီးဖြတ်ထားပါ)
  • ပဲတောင့်ရှည် ပန်းကန်လုံး ၁ လုံးစာ (၁ လက်မအရှည် လှီးဖြတ်ထားပါ)
  • ငရုတ်ပွအနီနှင့် အဝါ စားပွဲတင်ဇွန်း ၄ ဇွန်းစီ (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ညှက်နေအောင် ထောင်းထားသော ငရုတ်သီး စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ

  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)
  • သကြား စားပွဲတင်ဇွန်း တစ်ဝက်
  • ငရုတ်သီးတောင့် ၂ တောင့် (ပါးပါးလှီးထားပါ)
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီးနောက် ဝက်သားတုံးများထည့်ကာ အညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

ဝက်သားကို ကြွပ်ကြွပ်ရွရွလေး စားချင်တယ်ဆိုရင်တော့ အချိန်ကြာကြာ ကြော်ပေးရပါမယ်။

၂။ ထို့နောက် ငရုတ်သိးထောင်း၊ ငါးငံပြာရည်၊ သကြား၊ ကြက်သွန်ဖြူ၊ ငရုတ်သီးတို့ထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပါ။

၃။ ထို့နောက် ပဲတောင့်ရှည်၊ ငရုတ်ပွအနီနှင့် အဝါတို့ထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပါ။

၄။ နောက်ဆုံးကျမှ ငရုတ်ကောင်းမှုန့်လေးထည့်ကာ ၁ မိနစ်၊ ၂ မိနစ် (သို့) ဟင်းသီးဟင်းရွက်များ နူးသွားသည်အထိ ကြော်ပေးရပါမယ်။

ထိုအဆင့် ၄ ဆင့်စလုံး ပြီးသွားတဲ့အခါမှာတော့ ထမင်းပူပူလေးနဲ့ တွဲဖက်စားသုံးနိုင်တဲ့ ဝက်သုံးထပ်သား အစပ်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Siamsizzles.com