အားလုံးပဲ မင်္ဂလာပါ။ စွပ်ပြုတ်ပူပူစပ်စပ်လေး စားသုံးချင်သူများအတွက် ဒီတစ်ခါမှာတော့ အရသာရှိတဲ့ အမဲသား အာလူးစွပ်ပြုတ် ပြင်ဆင်ပြုလုပ်နည်း ကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • အာလူး ပန်းကန်လုံး ၄ လုံးစာ (အနေတော်အတုံး လှီးဖြတ်ထားပါ)
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ခရမ်းချဉ်သီးဆော့စ် စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ရေ ၁ လီတာ

Source: Dishnthekitchen.com

  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးဆော့စ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးအကြီးတစ်လုံးထဲတွင် နုပ်နုပ်စဉ်းထားသော အမဲသားများ ထည့်ကာ အညိုရောင် ပြောင်းသွားသည်အထိ အလယ်အလတ်မီးအပူချိန်ဖြင့် ကြော်ပေးလိုက်ပါ။

Source: Adventuresofanurse.com

၂။ ထို့နောက် အာလူး၊ ကြက်သွန်နီနှင့် ခရမ်းချဉ်သီးဆော့စ်တို့ထည့်ကာ သမအောင် မွှေပါ။

၃။ ထို့နောက် ရေထည့်ပါ။ ဆား၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးဆော့စ်တို့ ထည့်ကာ ပွက်ပွက်ဆူလာသည်အထိ တည်ပါ။

၄။ တစ်နာရီခန့် တည်ပြီးနောက် အာလူးများ နူးအိသွားပြီဆိုရင်တော့ အရသာအပေါ့အငန် မြည်းစမ်းကြည့်လိုက်ပါ။

ဟင်းရည်အပျစ်အကျဲက မိမိလိုချင်တဲ့အနေအထားအထိ ရောက်ရှိသွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသား အာလူးစွပ်ပြုတ်စပ်စပ်လေး ရရှိသွားပါပြီ။

Source: Tasteofhome.com