ပါဝင်ပစ္စည်းများ

  • မျှစ်ချိုကြီးကြီး – သင့်တော်သလောက်
  • ကြက်သွန်ဖြူ – ၁၀တက်ခန့်
  • ငရုတ်သီးခွဲကြမ်းမှုန့် – ၂ဇွန်း
  • နနွင်း + အရောင်တင် – အနည်းငယ်စီ
  • ဆား + ဟင်းခတ်မှုန့် – လိုအပ်သလို

ပြင်ဆင်ပြုလုပ်နည်း

မျှစ်စို့ကြီးကြီး သင့်တော်သလောက်ကို နနွင်း အနည်းငယ်နှင့်အတူ ရေ (၃) ကြိမ်လောက် ခမ်းသည် အထိ ပြုတ်ပါ ။

ခရင်းချွန်နှင့် အမျှင်ရအောင်ခြစ်ပါ ။ ရေတွေကို ညှစ်ထုတ်ပစ်ပါ ။ ထို့နောက် ဓားဖြင့် နုပ်နုပ်စဉ်းပေးပါ ။

ဆုံထဲမှာ ညှက်နေအောင် ထောင်းပါ ။ ကြက်သွန်ဖြူကိုလည်း ညှက်အောင်ထောင်းပါ ။

ထောင်းထားတဲ့ မျှစ်တွေနှင့်အတူ ကြက်သွန်ဖြူထောင်း ၊ ငရုတ်သီးခွဲကြမ်းဖတ် ၊ ဆား ၊ ဟင်းခတ်မှုန့်တို့ ရောပြီးနယ်ပါ ။

ဆီအနည်းငယ်ကို အပူပေးပြီး နနွင်းမှုန့်နှင့် အရောင်တင်ကို ထည့်ပြီးဆီသတ်ပါ ။

မွှေးလာလျှင် ထောင်းပြီး ရောနယ်ထားတဲ့ မျှစ်တွေ ထည့်ကြော်ပါ ။

မီးရှိန်အေးအေးနှင့် ရေခြောက်ပြီး ဆီပြန်တဲ့အထိ စိတ်ရှည်ရှည်နဲ့ကြော်ပါ ။

အအေးခံပြီး ပုလင်း ၊ ဗူးတွေထဲထည့်ပြီး ရေခဲသေတ္တာမှာ သိမ်းပြီး စားမယ်ဆို လချီပြီးစားနိူင်ပါတယ် ။ အလုပ်မအားတဲ့သူတွေအတွက် အရံဟင်းတစ်ခု အမြဲစီစဉ်ထားသလို အထောက်အကူပြုစေပါတယ် ။

Credit: ဟင်းချက်နည်းများ