အားလုံးပဲ မင်္ဂလာပါ။ ထမင်းစားတဲ့အခါ ဟင်းရည်စပ်စပ်လေးလည်း သောက်ချင်ပေမယ့် ဟင်းရည်သပ်သပ် တည်းမသောက်ချင်ဘဲ အဓိကဟင်းလျာချက်ရင်းနဲ့ တစ်ခါတည်း လုပ်စားနိုင်တဲ့ အာလူး အမဲသားစတူး အစပ်ချက် ချက်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • အာလူး ၁ လုံး (ပါးပါးလှီးထားပါ)
  • အမဲသား ၂၀၀ ဂရမ် (ပါးပါးလှီးထားပါ)
  • မှို အနည်းငယ် (ပင်စည်ကို လှီးဖြတ်ပြီးနောက် အပွင့်ကို ပါးပါးလှီးထားပါ)

  • ငရုတ်သီး ၂ တောင့် (ပါးပါးလှီးထားပါ)

ဟင်းခပ်အမွှေးအကြိုင်များ

  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးနှစ် စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ ၂ ခွက်ခွဲ (၆၂၅ မီလီလီတာ)
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ကြက်သွန်မြိတ် အနည်းငယ်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးအကြီးတစ်လုံးထဲသို့ ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်းတို့ထည့်ကာ မီးအေးအေးဖြင့် အပူပေးပါ။ ဆီပူလာပါက ငရုတ်နှစ် စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ကာ ဆီသတ်ပါ။

၂။ (၁) မိနစ်ပြည့်လို့ ဆီက အနီရောင် ပြောင်းသွားပြီဆိုရင်တော့ ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ သမအောင် ရောမွှေပါ။ ထို့နောက် ရေ ၂ ခွက်ခွဲ ချက်ချင်းလောင်းထည့်လိုက်ပါ။ မီးအပူချိန် မြှင့်ပြီး ပွက်ပွက်ဆူလာအောင် တည်ပါ။

၃။ ပွက်ပွက်ဆူလာပါက အမဲသားနှင့် အာလူးတို့ထည့်ပါ။ ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ထည့်ပါ။

၄။ (၅) မိနစ်ခန့် ဆူပွက်လာအောင် တည်ပါ။ အာလူးများ ပျော့သွားပြီဆိုရင်တော့ ကြက်သွန်နီ၊ မှိုနှင့် ငရုတ်သီးတို့ထည့်ပါ။ ၇ မိနစ်၊ ၁၀ မိနစ်ခန့် တည်ပါ။

၅။ မီးဖိုပေါ်က ချခါနီးမှာ ကြက်သွန်မြိတ်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပါ။ ထို့နောက် မီးပိတ်ကာ မီးဖိုပေါ်တွင်ပင် ၁၀ မိနစ်ခန့် တင်ထားပါ။

၆။ (၁၀) မိနစ်ပြည့်ပါက အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ ဆားအနည်းငယ် ထပ်ထည့်နိုင်သလို ဟင်းရည်က ငန်နေပါက ရေအနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

ဒါဆိုရင်တော့  အရသာရှိတဲ့ အာလူး အမဲသားစတူး စပ်စပ်လေး ရရှိသွားပါပြီ။

Source: Futuredish.com