(Unicode)
အားလပ်ရက်လေးမှာ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အရသာရှိတဲ့အစားအသောက်တွေကို တပျော်တပါးကြီး မလုပ်စားချင်ကြဘူးလား။
ဒါဆိုရင်တော့ ဟော့ပေါ့ လုပ်စားကြည့်ကြပါလို့ အကြံပေးချင်ပါတယ်။ မိမိအိမ်မှာပဲ ပင်လယ်စာဟော့ပေါ့ကို တပျော်တပါးကြီး ဘယ်လိုလုပ်စားကြမလဲဆိုတာကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။
ပါဝင်ပစ္စည်းများ
• ဂဏန်း ၂ ကောင်
• ခုံး ၈ ကောင်
• ပြည်ကြီးငါး (သို့) ရေဘဝဲ ၈ အောင်စခန့်
• ပင်လယ်ငါး ၈ အောင်စ
• ပုစွန် ၈ ကောင်
• ပဲပင်ပေါက် ၆ အောင်စ
• မုန်ညှင်းဖြူ ၈ အောင်စ
• မုန်လာဥဖြူ ၃ အောင်စ
• မုန်လာဥနီ တစ်လုံး
• ကြက်သွန်နီ တစ်ခြမ်း
• အပ်မှို ၃ ခု
• ကြက်သွန်မြိတ် ၃ ပင်
• ကန်စွန်းရွက် ၃ အောင်စခန့်
• ရေ (သို့) အသားပြုတ်ရည် တစ်လီတာခန့်
• သံပုယိုရည် စားပွဲတင်ဇွန်း တစ်ဇွန်း
ငရုတ်နှစ်အရည် ဖော်စပ်ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများ
• ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်း
• ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း တစ်ဇွန်း
• ငရုတ်သီး ၈ တောင့်ခန့်
• ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်းနှင့် ပဲငံပြာရည် (သို့) ငါးငံပြာရည် စားပွဲတင်ဇွန်း နှစ်ဇွန်း
• ငရုတ်နှစ် စားပွဲတင်ဇွန်း နှစ်ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ခုံးထဲမှ သဲများကို ဖယ်ရှားဖို့ရန်အတွက် ခုံးကောင်များကို ဆားရေထဲမှာ မိနစ် ၃၀ ခန့် စိမ်ထားလိုက်ပါ။ ဂဏန်းရဲ့ အပေါ်ယံအခွံကို ဖယ်ရှားပြီးနောက် ရေဖြင့်သေသေချာချာဆေးကြောပေးလိုက်ပါ။ ပြည်ကြီးငါး (သို့) ရေဘဝဲနှင့် ငါးတို့ကို ရေဆေးပြီးနောက် အနေတော်အရွယ်အစား လှီးဖြတ်လိုက်ပါ။ ပုစွန်ကိုလည်း သန့်စင်အောင် ဆေးကြော်ထားပါ။
၂။ မုန်ညှင်း၊ မုန်လာဥနီ၊ ဥဖြူတို့ကို ကိုက်၍ရသောအနေအထားခန့် လှီးဖြတ်ထားပါ။ ကြက်သွန်နီနှင့် မှိုတို့ကို ပါးပါးလှီးဖြတ်ထားပါ။ ကြက်သွန်မြိတ်ကိုလည်း တစ်လက်မခွဲအရှည်ခန့် လှီးဖြတ်ထားပါ။
၃။ ငရုတ်နှစ်အရည် ဖော်စပ်ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများ အားလုံးကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ရေ (သို့) အသားပြုတ်ရည် စားပွဲတင်ဇွန်း သုံးဇွန်းဖြင့် သမအောင် ထပ်မွှေပေးရပါမယ်။
၄။ ဟော့ပေါ့လုပ်စားမယ့် အိုးကြီးတစ်လုံးထဲသို့ ကန်စွန်းရွက်မှလွဲ၍ အခြားဟင်းရွက်များအားလုံးကို အစီအရီထည့်ထားလိုက်ပါ။
၅။ ထို့နောက် ပင်လယ်စာများကို ဟင်းရွက်များအပေါ်တွင် အစီအရီတင်ထားလိုက်ပါ။ စောစောက စပ်ထားသော ငရုတ်နှစ်များအားလုံးကို အိုးထဲသို့ ထည့်ပြီးနောက် အသားပြုတ်ရည်ကိုပါ တစ်ပါတည်း လောင်းထည့်လိုက်ပါ။ ထို့နောက် မီးအပူ ပြင်းပြင်းလေးဖြင့် တည်လိုက်ပါ။ ပင်လယ်စာများအားလုံး နူးအိသွားပြီဆိုမှ ကန်စွန်းရွက်များ ထည့်လိုက်ပါ။ ပြီးမှ သံပုယိုရည်များ လောင်းထည့်လိုက်ပါ။
ဒါဆိုရင်တော့ မိသားစုအားလုံး တစ်ပျော်တစ်ပါးကြီး စားသုံးနိုင်တဲ့ ပင်လယ်စာဟော့ပေါ့လေး ရရှိသွားပါပြီ။ မိမိကြိုက်နှစ်သက်ရာ အသားလုံးများကိုလည်း ထည့်စားနိုင်ပါသေးတယ်။
Source: Koreanbapsang.com
(Zawgyi)
အားလပ္ရက္ေလးမွာ မိသားစု၊ သူငယ္ခ်င္း၊ မိတ္ေဆြအေပါင္းအသင္းေတြနဲ႔ အရသာရွိတဲ့အစားအေသာက္ေတြကို တေပ်ာ္တပါးႀကီး မလုပ္စားခ်င္ၾကဘူးလား။
ဒါဆိုရင္ေတာ့ ေဟာ့ေပါ့ လုပ္စားၾကည့္ၾကပါလို႔ အႀကံေပးခ်င္ပါတယ္။ မိမိအိမ္မွာပဲ ပင္လယ္စာေဟာ့ေပါ့ကို တေပ်ာ္တပါးႀကီး ဘယ္လိုလုပ္စားၾကမလဲဆိုတာကို အတူတူဆက္ေလ့လာၾကည့္လိုက္ရေအာင္။
ပါဝင္ပစၥည္းမ်ား
- ဂဏန္း ၂ ေကာင္
- ခံုး ၈ ေကာင္
- ျပည္ႀကီးငါး (သို႔) ေရဘဝဲ ၈ ေအာင္စခန္႔
- ပင္လယ္ငါး ၈ ေအာင္စ
- ပုစြန္ ၈ ေကာင္
- ပဲပင္ေပါက္ ၆ ေအာင္စ
- မုန္ညွင္းျဖဴ ၈ ေအာင္စ
- မုန္လာဥျဖဴ ၃ ေအာင္စ
- မုန္လာဥနီ တစ္လံုး
- ၾကက္သြန္နီ တစ္ျခမ္း
- အပ္မႈိ ၃ ခု
- ၾကက္သြန္ၿမိတ္ ၃ ပင္
- ကန္စြန္းရြက္ ၃ ေအာင္စခန္႔
- ေရ (သို႔) အသားျပဳတ္ရည္ တစ္လီတာခန္႔
- သံပုယိုရည္ စားပြဲတင္ဇြန္း တစ္ဇြန္း
ငရုတ္ႏွစ္အရည္ ေဖာ္စပ္ရန္အတြက္ လိုအပ္ေသာပါဝင္ပစၥည္းမ်ား
- ပါးပါးလွီးထားေသာ ဂ်င္း လက္ဖက္ရည္ဇြန္း တစ္ဇြန္း
- ပါးပါးလွီးထားေသာ ၾကက္သြန္ျဖဴ စားပြဲတင္ဇြန္း တစ္ဇြန္း
- ငရုတ္သီး ၈ ေတာင့္ခန္႔
- ဆား လက္ဖက္ရည္ဇြန္းတစ္ဇြန္းႏွင့္ ပဲငံျပာရည္ (သို႔) ငါးငံျပာရည္ စားပြဲတင္ဇြန္း ႏွစ္ဇြန္း
- ငရုတ္ႏွစ္ စားပြဲတင္ဇြန္း ႏွစ္ဇြန္း
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ ခံုးထဲမွ သဲမ်ားကို ဖယ္ရွားဖို႔ရန္အတြက္ ခံုးေကာင္မ်ားကို ဆားေရထဲမွာ မိနစ္ ၃၀ ခန္႔ စိမ္ထားလိုက္ပါ။ ဂဏန္းရဲ႕ အေပၚယံအခြံကို ဖယ္ရွားၿပီးေနာက္ ေရျဖင့္ေသေသခ်ာခ်ာေဆးေၾကာေပးလိုက္ပါ။ ျပည္ႀကီးငါး (သို႔) ေရဘဝဲႏွင့္ ငါးတို႔ကို ေရေဆးၿပီးေနာက္ အေနေတာ္အရြယ္အစား လွီးျဖတ္လိုက္ပါ။ ပုစြန္ကိုလည္း သန္႔စင္ေအာင္ ေဆးေၾကာ္ထားပါ။
၂။ မုန္ညွင္း၊ မုန္လာဥနီ၊ ဥျဖဴတို႔ကို ကိုက္၍ရေသာအေနအထားခန္႔ လွီးျဖတ္ထားပါ။ ၾကက္သြန္နီႏွင့္ မႈိတို႔ကို ပါးပါးလွီးျဖတ္ထားပါ။ ၾကက္သြန္ၿမိတ္ကိုလည္း တစ္လက္မခြဲအရွည္ခန္႔ လွီးျဖတ္ထားပါ။
၃။ ငရုတ္ႏွစ္အရည္ ေဖာ္စပ္ရန္အတြက္ လိုအပ္ေသာပါဝင္ပစၥည္းမ်ား အားလံုးကို သမေအာင္ ေရာေမႊလိုက္ပါ။ ထို႔ေနာက္ ေရ (သို႔) အသားျပဳတ္ရည္ စားပြဲတင္ဇြန္း သံုးဇြန္းျဖင့္ သမေအာင္ ထပ္ေမႊေပးရပါမယ္။
၄။ ေဟာ့ေပါ့လုပ္စားမယ့္ အိုးႀကီးတစ္လံုးထဲသို႔ ကန္စြန္းရြက္မွလြဲ၍ အျခားဟင္းရြက္မ်ားအားလံုးကို အစီအရီထည့္ထားလိုက္ပါ။
၅။ ထို႔ေနာက္ ပင္လယ္စာမ်ားကို ဟင္းရြက္မ်ားအေပၚတြင္ အစီအရီတင္ထားလိုက္ပါ။ ေစာေစာက စပ္ထားေသာ ငရုတ္ႏွစ္မ်ားအားလံုးကို အိုးထဲသို႔ ထည့္ၿပီးေနာက္ အသားျပဳတ္ရည္ကိုပါ တစ္ပါတည္း ေလာင္းထည့္လိုက္ပါ။ ထို႔ေနာက္ မီးအပူ ျပင္းျပင္းေလးျဖင့္ တည္လိုက္ပါ။ ပင္လယ္စာမ်ားအားလံုး ႏူးအိသြားၿပီဆိုမွ ကန္စြန္းရြက္မ်ား ထည့္လိုက္ပါ။ ၿပီးမွ သံပုယိုရည္မ်ား ေလာင္းထည့္လိုက္ပါ။
ဒါဆိုရင္ေတာ့ မိသားစုအားလံုး တစ္ေပ်ာ္တစ္ပါးႀကီး စားသံုးႏိုင္တဲ့ ပင္လယ္စာေဟာ့ေပါ့ေလး ရရွိသြားပါၿပီ။ မိမိႀကိဳက္ႏွစ္သက္ရာ အသားလံုးမ်ားကိုလည္း ထည့္စားႏိုင္ပါေသးတယ္။
Source: Koreanbapsang.com