အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ သခွားသီး ပဲပြားအစပ်သုပ်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မြေပဲထောပတ် စားပွဲတင်ဇွန်း ၈ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၅ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၅ ဇွန်း
  • ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း

  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၁ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • လက်မအရွယ်အစားခန့် ဂျင်းတုံး ၁ တုံး (အခွံခွာပြီး နုပ်နုပ်စဉ်းထားပါ)
  • ပဲပြား (သို့) တို့ဟူး ၁၂ အောင်စ
  • နှမ်းဆီနှင့် ကြက်သွန်မြိတ် အနည်းငယ် (အလှဆင်ရန်)

ပြုုလပ်နည်း အဆင့်ဆင့်

၁။ မြေပဲထောပတ်၊ နှမ်းဆီ၊ ပဲငံပြာရည်၊ ဆန်ရှာလကာရည်၊ ငရုတ်နှစ်၊ သကြား၊ ကြက်သွန်ဖြူနှင့် ဂျင်းတို့ကို ဖန်ပုလင်း ထဲထည့်ကာ သမအောင် လှုပ်ခါပေးလိုက်ပါ။ ဖျော်စက်ထဲထည့်ပြီး သမအောင် ရောဖျော်ပေးလို့လည်း ရပါတယ်။

၂။ ပဲပြား (သို့) တို့ဟူးများကို အနေတော် အတုံး တုံးထားပါ။

ဒယ်အိုးကို အပူပေးပြီး ဆီ အနည်းငယ် ထည့်ပါ။ ဆီပူလာပါက ပဲပြားများ ထည့်ကာ ရွှေညိုရောင် ပြောင်းလာသည်အထိ ကြော်ပေးလိုက်ပါ။ စောစောက ဖျော်ထားသော ဆော့စ်ကို စားပွဲတင်ဇွန်း ၈ ဇွန်းခန့် ခပ်ယူကာ ပဲပြားပေါ် ဆမ်းထည့်ပေးလိုက်ပါ။ ၁ မိနစ်၊ ၂ မိနစ်ခန့်ကြော်ပြီးပါက မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

၃။ သခွားသီးများကို အကွင်းလိုက် လှီးဖြတ်ထားလိုက်ပါ။

ထို့နောက် ပန်းကန်ပြားထဲ ထည့်ပါ။ စောစောကဖျော်ထားသော ဆော့စ် စားပွဲတင်ဇွန်း ၄ ဇွန်းခန့် ခပ်ယူကာ သမအောင် နယ်ပေးလိုက်ပါ။ သခွားသီးအပေါ်တွင် ပဲပြားကြော်လေးများ တင်ထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ သခွားသီး ပဲပြားအစပ်သုပ်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Pinchofyum.com